မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်က သေနတ်ဖြင့် ပစ်သတ်မှုကြောင့်ကျဆုံးခဲ့သည့် #မြတောင်သပိတ်စစ်ကြောင်းမှ သူရဲကောင်းမသူသူဇင်၏ တစ်လပြည့်လွမ်းဆွတ်ခြင်းအထိမ်းအမှတ်အဖြစ် မြတောင်သပိတ်စစ်ကြောင်းသည် ယနေ့တွင်ချီဆက်ဆန္ဒပြခဲ့ကြသည်။မန္တလေးမြို့တွင် မြတောင်သပိတ်စစ်ကြောင်းအား ဇူလိုင်၂၇ရက် မွန်းလွှဲပိုင်းတွင် အရပ်ဝတ်ဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သူသုံးဦးမှ အသက် ၂၅ နှစ်အရွယ် မသူသူဇင်ကျဆုံးသွားခဲ့သည်။
မန္တလေးဘုရားကြီးအရှေ့မုခ်အနီး ဆိုင်ကယ်ဖြင့်ပျောက်ကြားသပိတ်ဆင်နွဲနေသောမြတောင်သပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်နေစဥ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က သေနတ်ဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ၊မသူသူဇင်အပါအဝင် အမျိုးသားနှစ်ဦး သေနတ်ကျည်မှန်ခဲ့သည်။
မသူသူဇင်သည် စစ်အာဏာရှင်ပြုတ်ကျရေးဆန္ဒပြပွဲများတွင် တက်ကြွစွာအမြဲ ပါဝင်ခဲ့သူဖြစ်သည်။
မသူသူဇင်၏ ရုပ်အလောင်းကို စစ်တပ်ကသိမ်းယူထား၍ ဇူလိုင်၂၉ရက်တွင် ရုပ်အလောင်းမပါဘဲ စျာပနအခမ်းအနားပြုလုပ်ခဲ့ရသည်။
မြတောင်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မန္တလေးမြို့တွင် နေ့စဥ်မပျက်ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းတစ်ခုဖြစ်သည်။