Connect with us

Hi, what are you looking for?

သတင်း

နှစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲအတွက် ကျည်နှင့်ခဲယမ်းများအရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲ PDF ထုတ်ပြန်

လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်။

ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်သည့် စစ်ကောင်စီတပ်ထိုးစစ်ကို ဆက်လက်ခုခံနိုင် ရန် ကျည်နှင့်ခဲယမ်းများ အရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့(စက် တင်ဘာ ၂၅ ရက်)ထုတ်ပြန်သည်။

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ကို ယခုလ ၈ရက်ကစတင်ခဲ့သည့် စစ်ကောင်စီ၏ ထိုးစစ် အတွက် လက်နက်၊ခဲယမ်းအင်အား မမျှတသော်ငြားလည်း မဟာမိတ်တပ်ပေါင်းစုများ၏ ရဲရဲဝံ့ဝံ့ကြံ့ကြံ့ခိုင်ခိုင် ခုခံနေကြောင်း အသိပေးသည်။

နှစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲအတွက် ကျည်နှင့်ခဲယမ်းများအရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲ PDF ထုတ်ပြန်
နှစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲအတွက် ကျည်နှင့်ခဲယမ်းများအရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲ PDF ထုတ်ပြန်

လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်။

မိုးဗြဲမြို့ ထိန်းချုပ်နိုင်ရေးနှင့် လက်မလွှတ်ရရေး နှစ်ဖက်တိုက်ပွဲမှာ ရေရှည်ဆက်လက်ပြင်းထန်နိုင် သောကြောင့် ကျည်နှင့်ခဲယမ်းများ အလုံအလောက်ရရှိရေးမှာ အဓိကအရေးကြီးနေကြောင်း MBPDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“စခတွေဘက်က လက်နက်ကြီးတွေရော မြေပြင် အင်အားပါ ဆက်တိုးနေတယ်။ပြီးတော့ ကျွန် တော်တို့ တပ်ပေါင်းစုတွေအနေနဲ့လည်းအကောင်းဆုံးခုခံနေတယ်။ဒါပေမယ့် တိုက်ပွဲရက်က ဆက်လာတာကြောင့် လက်နက်ရိက္ခာပိုင်း အဆက်မပြတ်ဖြည့်တင်းနိုင်ဖို့ ပြည်သူတွေရဲ့ အကူအညီ လိုနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ကို ချေမှုန်းနိုင်ရေးအတွက် 5.56 ကျည် (၁၀,၀၀၀) တောင့်၊ 7.62 ကျည် (၅,၀၀၀) တောင့်၊ 79 ကျည် (၁၀၀)လုံး၊ RPG (၅၀)လုံး ဖြည့်တင်းနိုင်ရန် အရေးပေါ် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် အခြားလိုအပ်ချက်များစွာရှိနေသော ကြောင့် ပြည်တွင်း၊ပြည်ပမှ တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့သော်လည်း ကောင်း အလှူရှင်များအနေဖြင့် သဒ္ဒါနည်းများမဆို ပါဝင်ကူညီထည့်ဝင်ပေးနိုင်ကြရန် MBPDF က မေတ္တာရပ်ခံသည်။

ပြည်သူများအနေဖြင့် 5.56 ကျည် တစ်တောင့် ၃,၆၀၀ ကျပ်၊7.62 ကျည် တစ်တောင့် ၆,၅၀၀ ကျပ်၊79 ကျည် တစ်တောင့် ၁၈၀,၀၀၀ ကျပ်၊ RPG တစ်လုံး၆၅၀,၀၀၀ ကျပ်ဖြင့် MBPDF Page တွင် တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖော်ပြသည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းလာမှုတွင် တင့်ကား ခြောက်စီး၊ အတွဲလိုက်ဒုံး စနစ် များ၊လက်နက်ကြီးပစ်ကူများအပြင် မြေ ပြင် အင်အား ၃၀၀ အောက်ထစ်ရှိကြောင်းလည်း ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်မျာက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။