Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲအတွက် ကျည်နှင့်ခဲယမ်းများအရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲ PDF ထုတ်ပြန်

လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်။

ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်သည့် စစ်ကောင်စီတပ်ထိုးစစ်ကို ဆက်လက်ခုခံနိုင် ရန် ကျည်နှင့်ခဲယမ်းများ အရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့(စက် တင်ဘာ ၂၅ ရက်)ထုတ်ပြန်သည်။

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့ကို ယခုလ ၈ရက်ကစတင်ခဲ့သည့် စစ်ကောင်စီ၏ ထိုးစစ် အတွက် လက်နက်၊ခဲယမ်းအင်အား မမျှတသော်ငြားလည်း မဟာမိတ်တပ်ပေါင်းစုများ၏ ရဲရဲဝံ့ဝံ့ကြံ့ကြံ့ခိုင်ခိုင် ခုခံနေကြောင်း အသိပေးသည်။

နှစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲအတွက် ကျည်နှင့်ခဲယမ်းများအရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲ PDF ထုတ်ပြန်
နှစ်ပတ်ကျော်ကြာမြင့်နေသည့် တိုက်ပွဲအတွက် ကျည်နှင့်ခဲယမ်းများအရေးပေါ် အကူအညီတောင်းခံကြောင်း မိုးဗြဲ PDF ထုတ်ပြန်

လက်ရှိတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား များစွာ အသေအဆုံးရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်။

မိုးဗြဲမြို့ ထိန်းချုပ်နိုင်ရေးနှင့် လက်မလွှတ်ရရေး နှစ်ဖက်တိုက်ပွဲမှာ ရေရှည်ဆက်လက်ပြင်းထန်နိုင် သောကြောင့် ကျည်နှင့်ခဲယမ်းများ အလုံအလောက်ရရှိရေးမှာ အဓိကအရေးကြီးနေကြောင်း MBPDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“စခတွေဘက်က လက်နက်ကြီးတွေရော မြေပြင် အင်အားပါ ဆက်တိုးနေတယ်။ပြီးတော့ ကျွန် တော်တို့ တပ်ပေါင်းစုတွေအနေနဲ့လည်းအကောင်းဆုံးခုခံနေတယ်။ဒါပေမယ့် တိုက်ပွဲရက်က ဆက်လာတာကြောင့် လက်နက်ရိက္ခာပိုင်း အဆက်မပြတ်ဖြည့်တင်းနိုင်ဖို့ ပြည်သူတွေရဲ့ အကူအညီ လိုနေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ကို ချေမှုန်းနိုင်ရေးအတွက် 5.56 ကျည် (၁၀,၀၀၀) တောင့်၊ 7.62 ကျည် (၅,၀၀၀) တောင့်၊ 79 ကျည် (၁၀၀)လုံး၊ RPG (၅၀)လုံး ဖြည့်တင်းနိုင်ရန် အရေးပေါ် အကူအညီတောင်းခံခြင်းဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် အခြားလိုအပ်ချက်များစွာရှိနေသော ကြောင့် ပြည်တွင်း၊ပြည်ပမှ တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့သော်လည်း ကောင်း အလှူရှင်များအနေဖြင့် သဒ္ဒါနည်းများမဆို ပါဝင်ကူညီထည့်ဝင်ပေးနိုင်ကြရန် MBPDF က မေတ္တာရပ်ခံသည်။

ပြည်သူများအနေဖြင့် 5.56 ကျည် တစ်တောင့် ၃,၆၀၀ ကျပ်၊7.62 ကျည် တစ်တောင့် ၆,၅၀၀ ကျပ်၊79 ကျည် တစ်တောင့် ၁၈၀,၀၀၀ ကျပ်၊ RPG တစ်လုံး၆၅၀,၀၀၀ ကျပ်ဖြင့် MBPDF Page တွင် တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖော်ပြသည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းလာမှုတွင် တင့်ကား ခြောက်စီး၊ အတွဲလိုက်ဒုံး စနစ် များ၊လက်နက်ကြီးပစ်ကူများအပြင် မြေ ပြင် အင်အား ၃၀၀ အောက်ထစ်ရှိကြောင်းလည်း ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်မျာက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။