Connect with us

Hi, what are you looking for?

သတင်း

နှစ်ပတ်ကျော်ကြာမြင့်လာသည့် မိုးဗြဲမြို့ ယနေ့ တိုက်ပွဲ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးဒဏ်ရာရ

ယနေ့ ညပိုင်းအချိန်ထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကိုဆက်လက် တောက်ခံနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)

မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုများရှိခဲ့ပြီး ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ငါးဦးဒဏ်ရာရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ထုတ်ပြန်သည်။

နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်သည့် မိုးဗြဲမြို့တိုက် ပွဲမှာ ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၁၁နာရီခွဲကစ၍ ညနေ ၅ နာရီခွဲအထိ လွယ်ယင်းမင်္ဂလာကျေးရွာ၊ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲထပ် မံ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ကရင်နီမဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KGZ နှင့် URF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြ သည်။

(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – MBPDF)

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

အလားတူ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာလည်း အသေစားဒဏ်ရာ ငါးဦးရရှိခဲ့ကြောင်း MBPDF က ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ ညပိုင်းအချိန်ထိ ပူပေါင်းမဟာမိတ်အဖွဲ့မှ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကိုဆက်လက် တောက်ခံနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။

“စခ ဘက်က မိုးဗြဲကိုရဖို့ အသည်းအသန်းလုံး ပန်းနေတယ်ပဲ ပြောချင်တယ်။အခုဆို သူတို့ဘက်ကမြေပြင်အင်အားပါထပ်တိုးလာနေတယ်။တိုက်ပွဲက ဆက်ပြင်းထန်ဖို့ပဲရှိတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - MBPDF)
(မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – MBPDF)

ထို့အပြင် ယခုသတင်းထုတ်ပြန်သည့် ည ၈နာရီဝန်းကျင်အထိ စစ်ကောင်စီက တာဝေးပစ်လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိကြောင်းလည်း အသိပေးသည်။

ကရင်နီဒေသ၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေးကြိုးပမ်းမှုသည် နှစ်ပတ်ကျော်ကြာမြင့်နေပြီလည်း ဖြစ် သည်။

စက်တင်ဘာ ၈ရက်ကစတင်ခဲ့သည့် ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူရာဂဏန်းဝန်းကျင်ရှိကာ ကရင်နီတပ်ပေါင်းစုမှ ရဲဘော်ခြောက်ဦး ကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။