Connect with us

Hi, what are you looking for?

သတင်း

မတူပီတွင် တိုက်ပွဲထပ်ဖြစ်၍ စစ်ကောင်စီတပ် လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရဟု CDF ထုတ်ပြန်

မတူပီမြို့ နှင့် ငလိုင်ရွာကြားတွင် စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ ၂နာရီခွဲ ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

(မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်)
(မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဒေသခံချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်သည်။

(မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်)
(မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

မတူပီမြို့ နှင့် ငလိုင်ရွာကြားတွင် စက်တင်ဘာ ၂၅ရက် နံနက် ၈နာရီခွဲခန့်မှ ၁၁နာရီထိ ၂နာရီခွဲ ကျော် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေးဦးသေ၊ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိကာ CDF ရဲဘော် တစ်ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

မတူပီCDFနှင့် စစ်ကောင်စီတပ်တို့သည် စက်တင်ဘာ ၂၄ရက်တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

(မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်)
(မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်)

မတူပီ အခြေစိုက်စစ်ကောင်စီ၏ ခလရ (၁၄၀) တပ်ရင်းမှ မတူပီ – ဟားခါးလမ်းသို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာ ၂၄ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိသည်ဟု CDFက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook