Connect with us

Hi, what are you looking for?

News

မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ရုပ်သိမ်း

“သူတို့ရဲ့နယ်စပ်စခန်းတစ်ခုကို သူတို့ ပြန်ရုပ်လိုက်တာပေါ့။ ဟက်စကီးသုံးစီးနဲ့ လာပြီးတော့ရုတ်သိမ်းသွားတာ တွေ့ရတယ်။” ဟု ဆလိုင်းထက်နီက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်သားများကို ​ပြီးခဲ့သည့်နှစ်ဖေ​ဖော်ဝါရီက ​တွေ့ရစဥ်)

မြန်မာ-အိန္ဒိယနယ်စပ် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရုပ်သိမ်းသွားကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇန်နဝါရီ ၅ရက်က မတူပီမြို့နယ် ဆဘောင်းသဲ တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်များဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဆို သည်။

“သူတို့ရဲ့နယ်စပ်စခန်းတစ်ခုကို သူတို့ ပြန်ရုပ်လိုက်တာပေါ့။ ဟက်စကီးသုံးစီးနဲ့ လာပြီးတော့ရုတ်သိမ်းသွားတာ တွေ့ရတယ်။” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကလည်း ထန်လတန်မြို့နယ်ရှိ ၎င်းတို့၏ အင်အားအနည်းငယ်သာရှိသည့် တပ်စခန်းတစ်ခုကို ပြန်လည် ရုပ်သိမ်းခဲ့ဖူးသည်။ ယခု ရုပ်သိမ်းခဲ့သည့် ဆဘောင်းသဲတပ်စခန်းသည်လည်း အင်အားဆယ်ဂဏန်းသာရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းပိုင်းမှစ၍ မတူပီမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်က ဒေသတွင်း စစ်ဆင်ရေးလုပ်ရန် ပြင်ဆင်နေသကဲ့သို့ ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်ကလည်း ခုခံတိုက်ခိုက်သွားမည်ဖြစ်၍ တိုက်ပွဲများဆက်ဖြစ်လာနိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“နောက် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာဘက်ကတော့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ် ဖလမ်းမြို့နဲ့ကြားမှာ စစ်ကောင်စီ အင်အားဖြည့်တက်လာတာရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုလဆန်းပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်သည် ထန်တလန်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များကို ဆက်လက်မီးရှို့ခဲ့၍ နေအိမ်အများအပြား မီးလောင်ခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၉ရက်မှ ဇန်နဝါရီ ၅ရက်အတွင်း စစ်ကောင်စီတပ်က ထန်တလန်မြို့ကို အကြိမ်ကြိမ် မီးရှို့ခဲ့၍ ဘုရားကျောင်း ခုနစ်ကျောင်း အပါအဝင်အိခြေ ၇၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ