Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းမြို့နယ် လဝကရုံးနှင့် စည်ပင်ရုံးတို့ကို PLF ဖောက်ခွဲတိုက်ခိုက်၊ မြို့ပြစစ်ဆင်ရေး စတင်ခြင်းဟု အသိပေး

ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ပဲခူးတိုင်း အနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံ(လဝက)နှင့် စည်ပင်သာယာရေးကော်မတီ(စည်ပင်)ရုံးတို့ကို မြို့ပြစစ်ဆက်ရေး စတင်ခြင်းအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု(PLF)က ထုတ်ပြန်သည်။

ယမန်နေ့(စက်တက်ဘာ ၂၅ ရက်) ညနေ ၆ နာရီခွဲခန့်က ပေါက်ခေါင်းမြို့ပေါ်ရှိ လဝကရုံးနှင့် စည်ပင်ရုံးတို့ကို တပြိုင်နက်တည်း ဝင်ရောက်မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ထိုသို့ပြုလုပ်ရသည့်အကြောင်းအရင်းမှာလည်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု (PLF)အနေဖြင့် မြို့ ပြစစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ဆောင်တော့မည်ဖြစ်ကြောင်း စတင်အသိပေးလိုက်ခြင်းဖြစ်ပြီး ယခုပြုလုပ်ခဲ့သည့် နောက်ဆက်တွဲ ထိခိုက်သေဆုံးစာ ရင်းအားလည်း စုံစမ်းဆဲဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်များမှာလည်း အထိအခိုက်မရှိ ပြန်လည်ရောက်ရှိပြီး ဖြစ်ပါ သည်”ဟု အသိပေးသည်။

ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစု (PLF)အနေဖြင့် စစ်ကောင်စီထောက်တိုင်များဖြစ်သော ရုံးဌာနများအား မြို့ပြစစ်ဆင်ရေးဖြစ်သော ကျောက်ခဲဟင်းချိုစစ် ဆင်ရေးအား အသက်သွင်းတော့မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။