Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

PDF များအကြောင်းမသိဟုဖြေသည့် ကိုရင်လေးတစ်ပါးကို စစ်ကောင်စီတပ်က ကန်ကျောက်ရိုက်နှက်

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းဝင်းထဲမှ ဆိုင်ကယ် လေးစီးကိုလည်း မီးပုံရှို့ခဲ့ပြီး ဒေသခံတစ်ဦး၏အိမ်ကို ဝင်မွှေကာ ကျပ်သိန်း ၁၀၀ခန့်နှင့် ဖုန်း လေးလုံးကို ခိုးယူသွားသည်ဟု ကိုနွေဦးက ဆိုသည်။

စစ်ကောင်စီ ကန်ကျောက် ရိုက်နှက်သွားသည့် ကိုရင်လေးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM
စစ်ကောင်စီ ကန်ကျောက် ရိုက်နှက်သွားသည့် ကိုရင်လေးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM

စစ်ကိုင်းတိုင်း ​မြောင်မြို့နယ်အတွင်း ယနေ့တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ကိုရင်လေးတစ်ပါးကို ခြေထောက်ဖြင့် ကန်ကျောက်ရိုက်နှက်သွားသလို ဒေသခံတစ်ဦး၏ သိန်းကျပ် ၁၀၀ခန့်ကိုလည်း ခိုးယူသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOM က သတင်းထုတ်ပြန်သည်။

​မြောင်မြို့နယ် ဆင်မင်းကျေးရွာကို ယနေ့(စက်တင်ဘာ ၂၇ရက်)နံနက် ၄နာရီခန့်က ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေပြီး ငါးဦးဒဏ်ရာရခဲ့သည်။ ယင်းတိုက်ပွဲတွင် ​ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ရွာအတွင်းရှိ ဘုန်းကြီးကျောင်းကို ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး ကိုရင်တစ်ပါးအား ကန်ကျောက်ရိုက်နှက်သွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOMမှ ကိုနွေဦးက ပြောသည်။

“စခများဟာ ရွာထဲကဘုန်းကြီးကျောင်းကိုရောက်ချိန် ကိုရင်လေးတစ်ပါးအားခေါ်ကာ PDF ရှိမရှိမေးတာကို မသိပါဘူးပြောလို့ ကိုရင်ရဲ့ခေါင်းကို ခြေထောက်တွေနဲ့ကန် ကျောတွေကိုထိုးနှက်နှိပ်စက်ခဲ့တဲ့အတွက် ကျနော်နှင့်တွေ့ချိန်အထိ နာကျင်လွန်းလို့ အငိုတောင်မရပ်နိုင်သေးပဲ ရှိနေခဲ့ပါတယ်” ဟု ကိုနွေဦးက ဓာတ်ပုံမှတ်တမ်းများဖြင့် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းဝင်းထဲမှ ဆိုင်ကယ် လေးစီးကိုလည်း မီးပုံရှို့ခဲ့ပြီး ဒေသခံတစ်ဦး၏အိမ်ကို ဝင်မွှေကာ ကျပ်သိန်း ၁၀၀ခန့်နှင့် ဖုန်း လေးလုံးကို ခိုးယူသွားသည်ဟု ကိုနွေဦးက ဆိုသည်။

ယနေ့တိုက်ပွဲတွင် ကျဆုံးခဲ့သူမှာ Myaung Farmer အဖွဲ့မှ မြောင်ပြည်သူ့တပ်မတော်(MUA)၏ ဒုတပ်စိပ်မှုး ဗိုလ်စနေ ဖြစ်သည်။ မြောင်နယ်တွင် စက်တင်ဘာ ၂၃ရက်က တိုက်ပွဲတွင်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

မြောင်နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စွတပ်အား မြင်းမူနှင့်မြောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ စက်တင်ဘာ ၂၅ရက်မှ စက်တင်ဘာ ၂၇ရက်နံနက်အထိ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီ ၃၀ဦးထက်မနည်း ထိခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။