Connect with us

Hi, what are you looking for?

သတင်း

PDF များအကြောင်းမသိဟုဖြေသည့် ကိုရင်လေးတစ်ပါးကို စစ်ကောင်စီတပ်က ကန်ကျောက်ရိုက်နှက်

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းဝင်းထဲမှ ဆိုင်ကယ် လေးစီးကိုလည်း မီးပုံရှို့ခဲ့ပြီး ဒေသခံတစ်ဦး၏အိမ်ကို ဝင်မွှေကာ ကျပ်သိန်း ၁၀၀ခန့်နှင့် ဖုန်း လေးလုံးကို ခိုးယူသွားသည်ဟု ကိုနွေဦးက ဆိုသည်။

စစ်ကောင်စီ ကန်ကျောက် ရိုက်နှက်သွားသည့် ကိုရင်လေးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM
စစ်ကောင်စီ ကန်ကျောက် ရိုက်နှက်သွားသည့် ကိုရင်လေးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CDSOM

စစ်ကိုင်းတိုင်း ​မြောင်မြို့နယ်အတွင်း ယနေ့တိုက်ပွဲတွင် အထိနာသွားသည့် စစ်ကောင်စီတပ်က ကိုရင်လေးတစ်ပါးကို ခြေထောက်ဖြင့် ကန်ကျောက်ရိုက်နှက်သွားသလို ဒေသခံတစ်ဦး၏ သိန်းကျပ် ၁၀၀ခန့်ကိုလည်း ခိုးယူသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOM က သတင်းထုတ်ပြန်သည်။

​မြောင်မြို့နယ် ဆင်မင်းကျေးရွာကို ယနေ့(စက်တင်ဘာ ၂၇ရက်)နံနက် ၄နာရီခန့်က ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေပြီး ငါးဦးဒဏ်ရာရခဲ့သည်။ ယင်းတိုက်ပွဲတွင် ​ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ရွာအတွင်းရှိ ဘုန်းကြီးကျောင်းကို ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး ကိုရင်တစ်ပါးအား ကန်ကျောက်ရိုက်နှက်သွားသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOMမှ ကိုနွေဦးက ပြောသည်။

“စခများဟာ ရွာထဲကဘုန်းကြီးကျောင်းကိုရောက်ချိန် ကိုရင်လေးတစ်ပါးအားခေါ်ကာ PDF ရှိမရှိမေးတာကို မသိပါဘူးပြောလို့ ကိုရင်ရဲ့ခေါင်းကို ခြေထောက်တွေနဲ့ကန် ကျောတွေကိုထိုးနှက်နှိပ်စက်ခဲ့တဲ့အတွက် ကျနော်နှင့်တွေ့ချိန်အထိ နာကျင်လွန်းလို့ အငိုတောင်မရပ်နိုင်သေးပဲ ရှိနေခဲ့ပါတယ်” ဟု ကိုနွေဦးက ဓာတ်ပုံမှတ်တမ်းများဖြင့် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းဝင်းထဲမှ ဆိုင်ကယ် လေးစီးကိုလည်း မီးပုံရှို့ခဲ့ပြီး ဒေသခံတစ်ဦး၏အိမ်ကို ဝင်မွှေကာ ကျပ်သိန်း ၁၀၀ခန့်နှင့် ဖုန်း လေးလုံးကို ခိုးယူသွားသည်ဟု ကိုနွေဦးက ဆိုသည်။

ယနေ့တိုက်ပွဲတွင် ကျဆုံးခဲ့သူမှာ Myaung Farmer အဖွဲ့မှ မြောင်ပြည်သူ့တပ်မတော်(MUA)၏ ဒုတပ်စိပ်မှုး ဗိုလ်စနေ ဖြစ်သည်။ မြောင်နယ်တွင် စက်တင်ဘာ ၂၃ရက်က တိုက်ပွဲတွင်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

မြောင်နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စွတပ်အား မြင်းမူနှင့်မြောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ စက်တင်ဘာ ၂၅ရက်မှ စက်တင်ဘာ ၂၇ရက်နံနက်အထိ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီ ၃၀ဦးထက်မနည်း ထိခိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

Facebook