Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်​ကောင်စီတပ်စီးနင်းချိန် ပြည်သူများအား ကယ်ထုတ်ပေးသည့် ဒေသကာကွယ်ရေးရဲဘော် ဗိုလ်စနေ ကျဆုံး

ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများအား အဆိုပါတပ်က ကျောင်းသင်္ကန်းစနှင့် ထမ်းစင်ပြုလုပ် သယ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ကြောင်း MUA ကပြောသည်။

ကျဆုံးခဲ့သော ဗိုလ်စနေအား မီးသင်္ဂြိုလ်ခဲ့စဥ်၊ဓာတ်ပုံ-MUA
ကျဆုံးခဲ့သော ဗိုလ်စနေအား မီးသင်္ဂြိုလ်ခဲ့စဥ်၊ဓာတ်ပုံ-MUA

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆင်မင်းကျေးရွာ​ကို ဝင်ရောက်စီးနင်းချိန်တွင် ပြည်သူများအား ကယ်ထုတ်ပေးနေသည့် ဒေသကာ ကွယ်ရေးအဖွဲ့မှ ဗိုလ်စနေ ကျဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၂၇ ရက်) နံနက်၇နာရီခန့်က မြောင်မြို့နယ်ရဆင်မင်းကျေးရွာသို့ စစ်ကောင်စီတပ်က အင်အား ၆၀ဝန်းကျင်ဖြင့် ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထိုစဥ် ရွာသူ၊ရွာသားများအား ကယ်ထုတ်ပေးနေသည့် ဗိုလ်စနေသည် စစ်ကောင်စီတ​ပ်နှင့်ထိပ်တိုက်တိုးပြီး လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင် များက ပြောသည်။

စစ်ကောင်စီတပ်များ ဆင်မင်းရွာဘုန်းကြီးကျောင်းတွင်းသို့ ဝင်လာစဉ် မြောင်ပြည်သူ့တပ်မတော် (MUA)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၂) ခွဲ(၃)တို့နှင့် ထိတွေ့ ပစ်ခက်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာပြင်းစွာရရှိသွားကြောင်း MUAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများအား အဆိုပါတပ်က ကျောင်းသင်္ကန်းစနှင့် ထမ်းစင်ပြုလုပ် သယ်ဆောင်ကာ ဆုတ်ခွာသွားခဲ့ကြောင်း MUA ကပြောသည်။

“စစ်ကူအဖြစ် မိနစ်ပိုင်းအတွင်း လာခဲ့ပေမယ့် အချိန်မမီ၊ စခတွေ ခြံပြန်ဝင်သွားလို့ မပစ်ခက်လိုက်ရဘူး။ ရွာထဲ စစ်မိစ္ဆာများ ရှိ၊မရှိ နယ်မြေရှင်းလင်းစဉ် လမ်းအလယ်မှာ သေနတ်ဒဏ်ရာနဲ့ လဲ ကျနေတဲ့ ဗိုလ်စနေ ကိုတွေ့ရတယ်။ဆိတ်မခေါ် ဗိုလ်စနေ ကျတယ် အသံတွေကြောင့် ရွာထဲဝင်လာတဲ့ ပြည်သူတွေ ငို​ကြတယ်။ ငိုသံတွေကြားက ဗိုလ်စနေ အလောင်းကို သယ်ယူမကာ သူ့အိမ်ကလေးမှာပဲ သက်ပျောက်တရားနာခဲ့ရတယ်။”ဟု မြောင်ပြည်သူ့တပ်မတော်(MUA)အဖွဲ့ဝင် ကိုတိုက်ဂါး(မြောင်)က ပြောသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ စက်တင်ဘာ၂၂ ရက် ကလည်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးအဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဗိုလ် တောက်ထွန်းအဖွဲ့ဝင် ရဲဘော်ထက်ဝေအောင် ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို စစ်တပ်လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ပြီး နာရီပိုင်းအကြာမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းမှဗုံးကြဲခဲ့ရာတွင် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်သေဆုံးသူ ၆ ဦးအထိရှိလာပြီး ၂၀ ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် T. G. R.သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။