Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံတွင် အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၀၀ကျော် နစ်နာကြေးရရန် NUG တောင်းဆိုထား

လက်ရှိတွင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈)ဦးအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar

ထိုင်းနိုင်ငံ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၁၁၀ဦးအတွက် NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှစေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့က ထိုင်းအာဏာပိုင်များထံမှတဆင့် နစ်နာကြေးရရန်တောင်းဆိုထားကြောင်း ယနေ့(စက်တင်ဘာ ၂၈)ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား ၁၁၀ဦးခန့် အလုပ်ထုတ်ခံရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် စက်တင်ဘာ ၂၁ ရက်က ဆန္ဒဖော်ထုတ်၍ အကူအညီတောင်းခဲ့သဖြင့် ယခုကဲ့ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ – Ministry of Labour – National Unity Government of Myanmar

ညှိနှိုင်းဖြေရှင်းချက်များအရ အလုပ်ထုတ်ရာတွင် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမား (၃၈)ဦးအတွက် လုပ်ခလစာနှင့် လုပ်သက်အလိုက် နစ်နာကြေးများရရှိရန် အလုပ်ရှင်အား အမှုဖွင့်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူမှုအရ ကျန်အလုပ်သမားများအား အလုပ်ရှင်မှ ‌ပေးရန်ကျန်ရှိသောလုပ်အားခများနှင့် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းများ အမြန်ဆုံးရရှိနိုင်ရေးတို့ပါဝင်ကြောင်း ဖော်ပြသည်။

ညှိနှိုင်းဖြေရှင်းမှုကို NUGအလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့သော ကိုရဲမင်း(AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့က စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ချိတ်ဆက်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် NUG အနေဖြင့် သက် ဆိုင်သူများနှင့် ထိုင်းအာဏာပိုင်များ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Ministry of Labour - National Unity Government of Myanmar
ဓာတ်ပုံ – Ministry of Labour – National Unity Government of Myanmar

လက်ရှိတွင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈)ဦးအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

NUG အစိုးရအလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးလျှက်ရှိရာ စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ထိုင်းအာဏာပိုင်းများနှင့် ညှိနှိုင်းဖြေရှင်းမှုအရ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၂၇၀ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခံရခြင်းအတွက် နစ်နာကြေးအဖြစ် ဘတ်ငွေငါးသန်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ