Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးနှင့် PDF ရဲဘော်တစ်ဦးကို သတ်ဖြတ်

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

(စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမွှေနှောက်ခြင်းခံခဲ့ရသော ထနောင်းတောမြောက်ရွာနှင့် ထနောင်းတောတောင်ရွာရှိ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Monywa_A Myint Road Information)

ထနောင်းတောရွာရှိ နေအိမ် ခုနစ်လုံးကို မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောကျေးရွာအနီးတွင် စစ်ကောင်စီတပ်က အလုပ်မှ ပြန်လာသူတစ်ဦးနှင့် ​ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကို ပစ်သတ်ခဲ့ပြီး အဆိုပါကျေးရွာကိုပါ ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ခုနစ်လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂၇ ရက် နံနက် ၈နာရီခန့်က မုံရွာမြို့နယ်၊ တောပုမြောက်ရွာ (ပျူရွာ)မှ စစ်ကောင်စီတပ်များသည် စစ်ကားသုံးစီး အင်အားအပြည့်ဖြင့် ထနောင်းတောမြောက်ရွာသို့ ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျတ်ဆီးခဲ့ရာ နေအိမ် လေးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမွှေနှောက်ခြင်းခံခဲ့ရသော ထနောင်းတောမြောက်ရွာနှင့် ထနောင်းတောတောင်ရွာရှိ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Monywa_A Myint Road Information)
(စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမွှေနှောက်ခြင်းခံခဲ့ရသော ထနောင်းတောမြောက်ရွာနှင့် ထနောင်းတောတောင်ရွာရှိ နေအိမ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Monywa_A Myint Road Information)

ထို့နောက် စစ်ကောင်စီတပ်သည် ထနောင်းတောမြောက်ရွာအတွင်းရှိ နေအိမ်များအားလုံး ဝင်ရောက် မွှေနောက်ဖျက်ဆီးပြီး လိုချင်သောပစ္စည်းများ လုယူသွားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ညနေ၅နာရီခန့်တွင် မုံရွာမြို့ပေါ်မှ အလုပ်မှပြန်လာသူ ကိုအောင်ကျော်မင်း(ဘုဘကျေးရွာနေသူ)အား ထနောင်းတောမြောက်ရွာအဝင် လမ်းမကြီးပေါ်၌ ပစ်သတ်ခဲ့ကြောင်း၊ အဆိုပါနေရာအနီးတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်(MPDF-ဆားလင်းကြီးတပ်ခွဲ)မှ ရဲဘော်တစ်ဦးအား ဖမ်းမိပြီး နှိပ်စက်ပစ်သတ်ဖြတ်ခဲ့ကြောင်း မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် ထနောင်းတောရွာရှိ ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးသွားရာ ၄၀ထက်မနည်းရှိနိုင်ကြောင်း ​ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာလ ၂၈ရက်)တွင်လည်း စစ်ကောင်စီတပ်က ထနောင်းတောတောင်ရွာကို ပစ်ခတ်ဝင်ရောက်ကာ နေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

စစ်ကောင်စီတပ်သည် ထနောင်းတောမြောက်ရွာ-တောင်ရွာတွင် နှစ်ရက်နှစ်ညတိတိ တပ်စွဲကာ မွှေနှောက်ခဲ့ပြီး ယနေ့(စက်တင်ဘာ၂၉ရက်)နံနက်၈နာရီခန့်တွင် စစ်ကြောင်းအားလုံး မုံရွာ(နမခ) တပ်တွင်းသို့ ပြန်သွားကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျဆုံးရဲ​ဘော်​တွေရဲ့မိသားစု​တွေကိုလည်းဂုဏ်ပြုချီးမြှင့်​ငွေ​​ပေးအပ်

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။