Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ် ထနောင်းတောရွာ မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ စောင့်ဆိုင်းတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force – (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(စစ်ဆင်ရေးသွားနေသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ- Aung San Force)
(စစ်ဆင်ရေးသွားနေသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ- Aung San Force)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ထနောင်းတောရွာအား မီးရှို့ဖျက်ဆီးလာသည့် စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း Aung San Force အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ ရက်က မုံရွာမြို့နယ်၊တောပုပျူရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် လမ်းတစ်လျှောက် ပြည်သူများကို ဖမ်းဆီး၍ ထနောင်းတောတောင်ကျေးရွာသို့ ၀င်ရောက်ပြီး နေအိမ်များမီးရှို့ကာ ထနောင်းတောမြောက်ရွာ၌ တပ်စွဲခဲ့သည်။

ယမန်နေ့(စက်တင်ဘာ၂၈ ရက်) မွန်းလွဲ ၂နာရီခန့် တွင် ထနောင်းတောမြောက်ရွာနှင့် တောင်ရွာကြားရှိ သင်္ချိုင်းကုန်းအနီး ထွက်လာသော စစ်ကောင်စီတပ်များအား အသင့်စောင့်ဆိုင်းနေသော ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Aung San Force အဖွဲ့ကပြော သည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း (၅)-Aung San Force-ASF နှင့်အတူ Special Guerilla Force Monywa၊ မုံရွာခရိုင် တပ်ရင်း ၈/တပ်ရင်း ၉/တပ်ရင်း (၁၀)- Farmers Revolution Force – (FRF)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင် စီတပ်ဘက်က အထိအခိုက်ရှိနိုင်သော်လည်း မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ် ရရှိခဲ့ကြောင်း Aung San Force အဖွဲ့က အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထနောင်းတောတောင်ရွာနှင့်မြောက်ရွာရှိ နေအိမ် ၁၇ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ဒေသခံ ပြည်သူ၄၀ ခန့်ကိုလည်း ဖမ်းဆီးသွားပြီး မုံရွာ-အမြင့်လမ်းပေါ်၌ ပြည်သူတစ်ဦး ပစ်သတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။