Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် PDF အ​ယောင်​ဆောင် ဓားပြအဖွဲ့ကို KIAနှင့် KPDF ပူး​ပေါင်းအဖွဲ့ ဖမ်းဆီး

ယခုဖမ်းမိသူ ခြောက်ဦးကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့က စစ်ဆေးနေပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖားကန့်တွင် PDF အ​ယောင်​ဆောင် ဓားပြအဖွဲ့ကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့ ဖမ်းဆီး
ဖားကန့်တွင် PDF အ​ယောင်​ဆောင် ဓားပြအဖွဲ့ကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့ ဖမ်းဆီး

ဖားကန့်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)အ​ယောင်​ဆောင် ဓားပြတိုက်သူများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် KPDF ပူး​ပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းက ပြောသည်။

PDFအ​ယောင်​ဆောင်ကာ ဓားပြတိုက်နေသူများကို ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၂၉ရက်)ညနေက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

စုစု​ပေါင်း ခြောက်ဦးကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး လက်နက်နှင့် ကျည်ဆံများလည်း သိမ်းဆည်းရမိ​ကြောင်း ဦးအောင်ဟိန်းမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း PDFအ​ယောင်​ဆောင်ကာ ဓားပြတိုက်နေသူ လူတစ်စုသည် လုံးခင်းကျေးရွာအုပ်စုမှ ဝေဖြိုးအောင်ရွှေဆိုင်ကို စက်တင်ဘာ ၁၅ရက်တွင် ဓားပြတိုက်ခဲ့သည်။ ရွှေဆွဲကြိုးဝယ် ဟန်ဆောင်ကာ ဆိုင်အတွင်း ဝင်လာပြီးနောက် ၎င်းတို့သည် PDFများဖြစ်ကြောင်းနှင့် ငွေကြေးထောက်ပံ့ရန် ခြိမ်းခြောက်ကာ ရွှေရောင်းရငွေများနှင့် ဆွဲကြိုးတစ်ကုံးကို ယူဆောင်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စက်တင်ဘာ ၁၁ရက်ကလည်း တရုတ် လူမျိုးနှစ်ဦးစီးလာသည့် လိုင်စင်မဲ့ လန်ခရုဆာကားအဖြူရောင်ကို လူတစ်စုက PDF အယောင်ဆောင်ကာ လုယက်သွားခဲ့သည်။

ယခုဖမ်းမိသူ ခြောက်ဦးကို KIAနှင့်KPDF ပူး​ပေါင်းအဖွဲ့က စစ်ဆေးနေပြီး မကြာမီသတင်းထုတ်ပြန်မည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီက လူအချို့အား PDFအယောင်ဆောင်၍ အကြမ်းဖက်လုယက်ရန် ခိုင်းစေမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။ထို့အပြင် စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်သူများကို ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ရာတွင် စစ်ကောင်စီတပ်က PDFနှင့် KIA ဝတ်စုံများကို ဝတ်ဆင်ပြီး အကြမ်းဖက်ခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။