Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကျင်းပနေဆဲ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကျင်းပနေဆဲ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ရာ ထည့်သွင်းတောင်းဆိုခြင်းဖြစ်သည်။

“နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေသည့် မြန်မာပြည်သူများ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ကြောင်း၊ အကူအညီတောင်းနေသည့် အကူအညီမဲ့နေသော မြန်မာ ပြည်သူများ၏ အသံသည်ကျယ်လောင်၍ ရှင်းလင်းပြတ်သားကြောင်း” သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို
မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေး တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ကုလနှင့်နိုင်ငံတကာကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို

ကမ္ဘာကြီးအနေဖြင့် မြန်မာစစ်တပ်၏ အဆိုးရွားဆုံးသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသား မဆန်ခြင်းများကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရပြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုဆိုးရွားလျက်ရှိသောကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေများမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားနေကြောင်း သံအမတ်ကြီးက ညီလာခံကို အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများစွာအနက် စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ကိုလည်း ဦးကျော်မိုးထွန်းက မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

“အသက် သေဆုံးခဲ့သည့် ကလေးငယ်များအနက် အသက်(၇)နှစ်မျှ ငယ်ရွယ်သော ကလေးငယ်ပင် ပါဝင်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ ယင်းအတွက် ချေပနိုင်ခြင်း မရှိသကဲ့သို့ ဆင်ခြေအကြောင်းပြချက် တစ်စုံတစ်ရာပေး၍လည်း မရနိုင်ကြောင်း” ၎င်းက ဆိုသည်။

စစ်တပ်သည် လွန်ခဲ့သော (၁၉) လအတွင်း တရားမဝင် သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ဖျက်ဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း များကို ကျူးလွန်ခဲ့ပြီး ယင်းပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇတ်မြောက်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

သို့သော် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး လုပ်ဆောင်ရန် ခိုင်မာပြတ်သားစွာ ရှိကြကြောင်း ၎င်းက အစီရင်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။