Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းကိုယာယီပိတ်​ကြောင်း​ချောင်းဦးPDF​ကြေညာ

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်၌တိုက်ပွဲဖြစ်​နေ၍ လမ်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသောယာဥ်တန်းများ၊ ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ်တွင် ၂၀၂၁ ခုနှစ်၌တိုက်ပွဲဖြစ်​နေ၍ လမ်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသောယာဥ်တန်းများ၊ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအားအရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-CHU PDFက သတိပေးကြေညာသည်။

မုံရွာ – မန္တလေးလမ်းပိုင်းကို ကြေညာချက်ထုတ်ပြန်ချိန် ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၆ နာရီအချိန်မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံသတိပေးသည်။

Public Service Announcement
Public Service Announcement

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောကားများအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးPDFကမေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။