Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ် ကျားတက်ရွာတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန် နေ

နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ဖြစ်စဥ်အသေးစိတ် များအား ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဆားလင်းကြီးနယ် ကျားတက်ရွာတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ
ဆားလင်းကြီးနယ် ကျားတက်ရွာတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

▪️စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပါသုံးနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ကျေးရွာတွင် စစ်ကောင်စီတ​ပ်နှင့် ဒေသကာကွယ် ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂ ရက်) နံနက်ပိုင်းကစတင်ကာ ကျားတက်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆားလင်းကြီးဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“မနက်မိုးမလင်းခင်ထဲက PDF က ဝင်သိမ်းတာလို့​ကြားတယ်။ လေယာဉ် နဲ့ပစ်တာက နေ့လယ်ပိုင်းမှ။ တစ်နာရီလောက်ကြာတယ်။ နေ့လယ်ပိုင်းအထိ ဆော်နေကြတုန်းလို့ပြောတယ်။”ဟု ဆားလင်းကြီးဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ဖြစ်စဥ်အသေးစိတ် များအား ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး စခန်းတွင်းရှိ တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။