Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးနယ် ကျားတက်ရွာတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန် နေ

နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ဖြစ်စဥ်အသေးစိတ် များအား ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ဆားလင်းကြီးနယ် ကျားတက်ရွာတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ
ဆားလင်းကြီးနယ် ကျားတက်ရွာတွင် စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ

▪️စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပါသုံးနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ကျေးရွာတွင် စစ်ကောင်စီတ​ပ်နှင့် ဒေသကာကွယ် ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (အောက်တိုဘာလ ၂ ရက်) နံနက်ပိုင်းကစတင်ကာ ကျားတက်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆားလင်းကြီးဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“မနက်မိုးမလင်းခင်ထဲက PDF က ဝင်သိမ်းတာလို့​ကြားတယ်။ လေယာဉ် နဲ့ပစ်တာက နေ့လယ်ပိုင်းမှ။ တစ်နာရီလောက်ကြာတယ်။ နေ့လယ်ပိုင်းအထိ ဆော်နေကြတုန်းလို့ပြောတယ်။”ဟု ဆားလင်းကြီးဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်ထိခိုက်မှုအခြေအနေနှင့် ဖြစ်စဥ်အသေးစိတ် များအား ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပြီး စခန်းတွင်းရှိ တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။