Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရသူများ နာရေးယာဥ်နှစ်စီးဖြင့်သယ်ရဟု TGRပြော

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက “စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ”ဟု ပြောသည်။

(မြောင် TGR အဖွဲ့၏ မုံရွာ - မန္တလေးလမ်းပိုင်း စစ်ဆင်ရေးတစ်ခုအား ဒရုန်းဖြင့်ရိုက်ကူးခဲ့စဥ်။)
(မြောင် TGR အဖွဲ့၏ မုံရွာ - မန္တလေးလမ်းပိုင်း စစ်ဆင်ရေးတစ်ခုအား ဒရုန်းဖြင့်ရိုက်ကူးခဲ့စဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဥ်နှစ်စီးပျက်စီးကာ အများအပြားထိခိုက်၍ နာရေးယာဥ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း မြောင်မြို့နယ်(TGR) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂ ရက်)နံနက် ၁၁ နာရီခန့်က စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်လာသော စစ်ကောင်စီယာဥ် ခြောက်စီးအား ဂွေးပင်တောကျေးရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင် ပဒေသာမိုင်း (၆)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ယာဥ်နှစ်စီးပျက်စီးသွားကြောင်း မြောင် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

နာရေးယာဥ် နှစ်စီးဖြင့် ချောင်းဦးဆေးရုံခေါ်ဆောင်သွားရာ ဒဏ်ရာများပြင်းထန်၍ ၁၅ ဦးခန့်သေဆုံးမှုရှိခဲ့ကြောင်း မြောင် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

မြောင်မြို့နယ်(T.G.R)ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက “စစ်ကောင်စီတပ်က လမ်းဘေးဝဲယာကိုလည်း ပစ်တယ်။ T.G.R Women Drone Force ကလည်း ဒရုန်းနဲ့ ကားပေါ်ဗုံးချ တိုက်ခိုက်ခဲ့ပါသေးတယ်။ နာရေးကားနှစ်စီးနဲ့ကို နှစ်ခါသယ်သွားရတာ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းမှ မုံရွာမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းအား မုံရွာ – မန္တလေးလမ်းတစ်လျှောက် ဒေသတွင်းကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။