Connect with us

Hi, what are you looking for?

သတင်း

မီတာခ ဘဏ်သွားသွင်းတဲ့ ပလိပ် EPC နဲ့ စစ်ကောင်စီတို့ ရဲ့ကား ကြားဖြတ်တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသလို ကျန်တဲ့သူတွေလည်းဒဏ်ရာရနိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။

မီတာခ ဘဏ်သွားသွင်းတဲ့ ပလိပ် EPC နဲ့ စစ်ကောင်စီတို့ ရဲ့ကား ကြားဖြတ်တိုက်ခိုက်ခံရ
မီတာခ ဘဏ်သွားသွင်းတဲ့ ပလိပ် EPC နဲ့ စစ်ကောင်စီတို့ ရဲ့ကား ကြားဖြတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ EPC ရုံးက ကောက်ခံထားတဲ့ မီတာခတွေကို စစ်ကောင်စီတပ်သား အစောင့်အရှောက်နဲ့ ဘဏ်သွားသွင်းချိန် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြစ်ငယ် PDF ကထုတ်ပြန်လာပါတယ်။

EPC ရုံးမန်နေဂျာနဲ့ စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး ပါတဲ့ကားကို မန္တလေး ကျောက်ဆည်လမ်း ၊စဉ့်ကိုင် ပေါ်တော်မူဘုရားအနီးမှာ ဒီနေ့ ညနေပိုင်း ၃ နာရီမထိုးခင်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသလို ကျန်တဲ့သူတွေလည်းဒဏ်ရာရနိုင်ခြေရှိတယ်လို့ဆိုထားပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြစ်ငယ် မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့၊Truth Keeping Force – Amarapuraနဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook