–ရဲစခန်းထဲမှ ရမ်းသမ်းပစ်၍ ပြည်သူတစ်ဦးကျည်ထိမှန်သေဆုံး
မန္တလေးတိုင်း ပလိပ်မြို့ရှိ စည်ပင်သာယာရေးရုံးနှင့် ရဲစခန်းတို့ကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း စဥ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF Sintgaing)က ယနေ့ (ဒီဇင်ဘာ ၂၀)ထုတ်ပြန်သည်။
တိုက်ခိုက်မှုများကို ပလိပ်မြို့ စည်ပင်သာယာ ရေးရုံးအနီး ဗုံးတစ်လုံးဖောက်ခွဲသတိပေးခြင်း၊ ပလိပ်ရဲစခန်းအတွင်းသို့ ဗုံးပစ်တိုက်ခိုက်ခြင်းတို့ကို ယမန်နေ့(ဒီဇင်ဘာ ၁၉)ည ၇ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပလိပ်စည်ပင်ရုံးအနေဖြင့် ဒီဇင်ဘာ ၁၀ရက် အသံတိတ်သပိတ်တွင်ပါဝင်သည့် ပလိပ်စျေးသူ၊ စျေးသားများအား ခြိမ်းခြောက်စာများပေးပို့လာခြင်းကြောင့် စည်ပင်ရုံးအနီး သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု LPDF (Santgaging)က ဆိုသည်။

Public Service Announcement
ထို့အပြင် ပလိပ်မြို့ရဲစခန်းအား HQ မြို့ပြပျောက်ကြားတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ပလိပ်ရဲစခန်းအား ဗုံးပစ်တိုက်ခိုက်မှုတွင် ရဲစခန်းထဲမှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ခြင်းအပေါ် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်း LPDF(Santgaging)က ထုတ်ပြန်ထားသည်။
