ရန်ကုန်မြို့ရှိ မြို့နယ်ခုနစ်ခုတွင် ယနေ့နံနက် အစောပိုင်းက ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသသတင်းရင်းများထံမှ စုံစမ်းသိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်မြို့နယ်များမှာ ကမာရွတ်၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံအရှေ့နှင့် ရန်ကင်းမြို့နယ်တို့ ပါဝင်သည်။
ကမာရွတ်မြို့နယ်တွင် လှည်းတန်းလမ်းဆုံးအနီး လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ၊အင်းစိန်မြို့နယ်တွင် ပေါက်တောဝ ဂျပန်လမ်းနှင့် BOC မီးပွိုင့်များရှိ ယာဉ်ထိန်းရုံးများအပါအဝင် အင်းစိန်မီးရထားဘူတာအနီးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အလားတူ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဥက္ကလာပအဝိုင်းအနီး၌လည်းကောင်း၊ ရန်ကင်း (၁၂)ရပ်ကွက် စာတိုက်အနီးနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံအရှေ့တို့တွင် ယမန်နေ့ညပိုင်းကတည်းက ပေါက်ကွဲမှုများရှိခဲ့သလို ယနေ့နံနက်ပိုင်းတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Public Service Announcement


















































