Connect with us

Hi, what are you looking for?

သတင်း

မန်တုံမြို့တွင် KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

(KIA တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)
(KIA တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ လူထုနေအိမ်များလည်း ထိခိုက်ခဲ့ကြောင်း မန်တုံဒေသခံက ပြောသည်။

“တိုက်ပွဲက ၁၀နာရီကနေ ၁၁နာရီ ထိ တစ်နာရီလောက်ဖြစ်တယ်။ မြို့ထဲမှာ ဖြစ်တာ။KIA/PDF သူတို့ ပူးပေါင်းအဖွဲ့တွေ။ ဖြစ်တာက အခုဆိုရင် လေး ၊ ငါးရက်ရှိပြီ။ မနက်ဖြစ်လိုက်၊ ညဖြစ်လိုက် ၊နေ့လည်ဖြစ်လိုက်ဆိုတော့ဖြစ်တာ နေ့တိုင်းတော့ ဖြစ်တယ်။ သူတို့ တပ်ကုန်းကို ပစ်တယ်။ တပ်ကုန်းကနေ သူတို့ကို ပြန်ပစ်တယ်။ ဒီလို အပြန်အလှန်ပစ်ကြတော့ အိမ်ခြေတွေထိခိုက်တာရှိတယ်။ အန္တရာယ်တော့များတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၃ရက်)ကလည်း တိုက်ပွဲဖြစ်ပွားရာ ဟိုခိုရပ်ကွက်ရှိ လွယ်ဆိုင်တောင် ဘုန်းကြီးကျောင်း လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး ယနေ့တိုက်ပွဲတွင် မန်ကန်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ရှမ်းမြောက်ရှိ KIA တပ်ရင်း(၈) ဌာနချုပ်နယ်မြေသို့ ထိုးစစ်ဆင်လာ၍ ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး မန်တုံနှင့် နမ္မတူရှိ စစ်ကောင်စီတပ်များကို တုန့်ပြန်တိုက်ခိုက်လျက်ရှိသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။