Connect with us

Hi, what are you looking for?

သတင်း

KIA/PDFတပ်များ တိုက်ခိုက်စဥ် မန်တုံရဲစခန်းမှတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး၊ ရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန်တုံ ရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ - Shan News
မန်တုံ ရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ - Shan News

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့၀င်ရောက်လာပြီး စစ်ကောင်စီတပ်နှင့် ရဲစခန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့ဒေသခံက ပြောသည်။

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်တာတော့ မကြားမိဘူး။ သူတို့ ဝင်တဲ့အချိန် အကုန်လုံးရှောင်ထွက်တာ စခန်းက လူတွေက။ စခန်းမီးလောင်တာတော့ ဟုတ်တယ်။ သူတို့က အဓိက လာပစ်တာ တပ်ကို လာပစ်တာ။ ပစ်ပြီးတော့ ပြန်ဆင်း၊ ဆင်းပြီး ရဲစခန်းမီးရှို့ပြီးမှ ထွက်သွားတယ်။” ဟု မန်တုံဒေသခံက ပြောသည်။

မန်တုံရှိ တပ်စခန်းနှင့် ရဲစခန်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ ဒေသ၌ တအာင်းတပ်(TNLA) အဖွဲ့လည်းလှုပ်ရှားမှုရှိသည့် ဒေသ ဖြစ်သည်။

“သူတို့(TNLA)အခြေအနေက အေးဆေးပါ။ သူတို့ က မြို့ကို ထိမှာကြောက်လို့ ဘာမှ မလှုပ်ရှားဘူးလေ။ သူတို့က ကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ဆိုတော့လေ”ဟု ဒေသခံက ပြောသည်။

TNLA အနေဖြင့် အာဏာမသိမ်းမီက စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲများစွာရှိခဲ့သည့် တပ်ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။