Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KIA/PDFတပ်များ တိုက်ခိုက်စဥ် မန်တုံရဲစခန်းမှတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေး၊ ရဲစခန်းအား မီးရှို့ဖျက်ဆီးခဲ့

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန်တုံ ရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ - Shan News
မန်တုံ ရဲစခန်းအား တွေ့ရစဥ်၊ဓာတ်ပုံ - Shan News

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့၀င်ရောက်လာပြီး စစ်ကောင်စီတပ်နှင့် ရဲစခန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့ဒေသခံက ပြောသည်။

စက်တင်ဘာ ၂၉ရက် နံနက်ပိုင်းကစတင်၍ မန်တုံအခြေစိုက် ခလရ(၁၃၀) တပ်ရင်းကို KIA/PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်တာတော့ မကြားမိဘူး။ သူတို့ ဝင်တဲ့အချိန် အကုန်လုံးရှောင်ထွက်တာ စခန်းက လူတွေက။ စခန်းမီးလောင်တာတော့ ဟုတ်တယ်။ သူတို့က အဓိက လာပစ်တာ တပ်ကို လာပစ်တာ။ ပစ်ပြီးတော့ ပြန်ဆင်း၊ ဆင်းပြီး ရဲစခန်းမီးရှို့ပြီးမှ ထွက်သွားတယ်။” ဟု မန်တုံဒေသခံက ပြောသည်။

မန်တုံရှိ တပ်စခန်းနှင့် ရဲစခန်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံသို့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ ဒေသ၌ တအာင်းတပ်(TNLA) အဖွဲ့လည်းလှုပ်ရှားမှုရှိသည့် ဒေသ ဖြစ်သည်။

“သူတို့(TNLA)အခြေအနေက အေးဆေးပါ။ သူတို့ က မြို့ကို ထိမှာကြောက်လို့ ဘာမှ မလှုပ်ရှားဘူးလေ။ သူတို့က ကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ဆိုတော့လေ”ဟု ဒေသခံက ပြောသည်။

TNLA အနေဖြင့် အာဏာမသိမ်းမီက စစ်ကောင်စီတပ်နှင့်ထိတွေ့တိုက်ပွဲများစွာရှိခဲ့သည့် တပ်ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။