Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန်တုံမြို့တွင် KIA/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

(KIA တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)
(KIA တပ်သားတစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kachin Net)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ လူထုနေအိမ်များလည်း ထိခိုက်ခဲ့ကြောင်း မန်တုံဒေသခံက ပြောသည်။

“တိုက်ပွဲက ၁၀နာရီကနေ ၁၁နာရီ ထိ တစ်နာရီလောက်ဖြစ်တယ်။ မြို့ထဲမှာ ဖြစ်တာ။KIA/PDF သူတို့ ပူးပေါင်းအဖွဲ့တွေ။ ဖြစ်တာက အခုဆိုရင် လေး ၊ ငါးရက်ရှိပြီ။ မနက်ဖြစ်လိုက်၊ ညဖြစ်လိုက် ၊နေ့လည်ဖြစ်လိုက်ဆိုတော့ဖြစ်တာ နေ့တိုင်းတော့ ဖြစ်တယ်။ သူတို့ တပ်ကုန်းကို ပစ်တယ်။ တပ်ကုန်းကနေ သူတို့ကို ပြန်ပစ်တယ်။ ဒီလို အပြန်အလှန်ပစ်ကြတော့ အိမ်ခြေတွေထိခိုက်တာရှိတယ်။ အန္တရာယ်တော့များတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

မန်တုံမြို့တွင် စက်တင်ဘာ ၂၉ရက်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲစခန်းကို KIA/PDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၃ရက်)ကလည်း တိုက်ပွဲဖြစ်ပွားရာ ဟိုခိုရပ်ကွက်ရှိ လွယ်ဆိုင်တောင် ဘုန်းကြီးကျောင်း လက်နက်ကြီးကျည်ထိမှန်ခဲ့ပြီး ယနေ့တိုက်ပွဲတွင် မန်ကန်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ရှမ်းမြောက်ရှိ KIA တပ်ရင်း(၈) ဌာနချုပ်နယ်မြေသို့ ထိုးစစ်ဆင်လာ၍ ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး မန်တုံနှင့် နမ္မတူရှိ စစ်ကောင်စီတပ်များကို တုန့်ပြန်တိုက်ခိုက်လျက်ရှိသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။