Connect with us

Hi, what are you looking for?

သတင်း

ပုလောတိုက်ပွဲစစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံး

စစ်ကောင်စီတပ်သည် ပုလောမြို့သို့လာရောက်စဥ်ပလမြို့မှ ကိုဌေးလွင်အပါအဝင် အရပ်သားသုံးဦးနှင့်ပြည်သူပိုင်ကားအချို့ကို ချောဆွဲလာခဲ့ခြင်းဖြစ်သည်။ ကိုဌေးလွင်အပါ

(တိုက်ပွဲအပြီးနယ်​မြေရှင်းလင်းရာ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-PPDF)
(တိုက်ပွဲအပြီးနယ်​မြေရှင်းလင်းရာ သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-PPDF)

▪︎ကားတစ်စီးမိုင်းထိပြီး တစ်စီး ၄၀ မမတည့်တည့်ထိ၍​သေဆုံးမှုများခြင်းဟုမြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ​ပြော

ပုလောမြို့မှ မြိတ်မြို့ကို ဆင်းလာသည့် စစ်ကောင်စီတပ်ကားနှစ်စီးနှင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀​ကျော် သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူက​ပြောသည်။

ယမန့်နေ့(အောက်တိုဘာ၃ရက်)နေ့လယ် ၂ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း(၁) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများက စုပေါင်း၍ ကဒဲကျေးရွာ အနီးတွင် စစ်​ကောင်စီတပ်ကားတစ်ကြိမ်နှင့် စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို တပိုရွာအနီးတွင် တကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကဒဲကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နေ့လယ်နှစ်နာရီခွဲမှ ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် စက်တော်ရာဘက်မှ တိုက်ပွဲကို ခြေကျင်စစ်ကူလာသည့် စစ်ကောင်စီတပ်များကို တပိုရွာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒေသခံကာကွယ်ရေးတပ်များဘက်မှ တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

“ပုလောကနေ ဆင်းလာတဲ့ကားကို ကဒဲရွာအနီးမှာ မိုင်းဆွဲပြီး ပစ်ကြတာ၊ မိုင်းကနှစ်ကြိမ်ဆွဲတယ်။ ပထမအကြိမ်က ကဒဲမှာစဆွဲပြီး ပစ်ခတ်မှုဖြစ်တာ။အဲ့မှာ စက်တော်ရာဘက်ကနေ ခြေလျင်လျောက်လာတဲ့ စစ်ကူကို တပိုရွာနားမှာ မိုင်းထက်ဆွဲပြီးတိုက်တာ”ဟု မြိတ်ခရိုင်တပ်ရင်း(၁)က တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ကားတစ်စီးမှာ မိုင်းထိ့ပြီး ၊တစ်စီးမှာ ၄၀ မမ တည့်တည့်ကျသဖြင့် စစ်​ကောင်စီတပ်​သေဆုံး ထိခိုက်မှုများခြင်းဖြစ်​ကြောင်းအထက်ပါတာဝန်ရှိသူက​ပြောသည်။​စစ်​ကောင်စီတပ်သေဆုံးမှုကို မျက်မြင်အတည်ပြုခြင်း သတင်း​ပေးမှတစ်ဆင့် အတည်ပြု​ခဲ့​ခြင်းကြောင့်လည်းသိရသည်။ စစ်​ကောင်စီတပ်မှ ​သေဆုံး ဒဏ်ရာရမှုအ​ခြေအ​နေကိုPeople’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။

“လက်နက်တွေရအောင် ဝင်ဆွဲမလို့ကို အခွင့်မသာလို့ မရခဲ့ဘူး။ စစ်ကောင်စီဘက်က၃၀နီးနီးကို သေတာ”ဟုPDF တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပုလောမြို့သို့လာရောက်စဥ်ပလမြို့မှ ကိုဌေးလွင်အပါအဝင် အရပ်သားသုံးဦးနှင့်ပြည်သူပိုင်ကားအချို့ကို ချောဆွဲလာခဲ့ခြင်းဖြစ်သည်။ ကိုဌေးလွင်အပါအဝင် အရပ်သားသုံးဦးအနက် နှစ်ဦးသည် တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရသွားသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“ချောဆွဲပါသွားတဲ့ ပြည်သူ့ကျဆုံးမှုအတွက် အထူးဝမ်းနည်မိတယ်။ ပြည်သူပါမှန်းသိရင် မိုင်းဆွဲ တိုက်လိုက်မိမှာမဟုတ်ဘူး။အခုက နယ်မြေအေးအချိန်မှ ပြည်သူပါမှန်းသိရတာ”ဟု မြိတ်ခရိုင်တပ်ရင်း(၁)က တာဝန်ရှိသူကပြောသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်း တိုက်ပွဲများဆက်တိုက်စဥ်ဖြစ်ပွားနေသည်။ စက်တင်ဘာ ၂၉ရက်က လောင်းလုံမြို့နယ် ကျောက်နီမော်နှင့် ကျောက်မတ်တပ်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့်ပျုစောထီးပူးပေါင်းအဖွဲ့ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်(၂)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။