Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆) နယ်မြေရှိ မဲ့ကသာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် တစ်ပါးဒဏ်ရာရ

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ သံဃာတစ်ပါးဒဏ်ရာရခဲ့သည်ဟု KNUက သတင်းထုတ်ပြန်သည်။

(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလေတပ်သည် မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် သုံးစင်းဖြင့် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ မဲ့ကသာဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ယနေ့ (အောက်တိုဘာ ၆ရက်) နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ထိုသို့တိုက်ခိုက်၍ မဲ့ကသာဘုန်းကြီးကျောင်းမှာ မီးလောင်ပျက်စီးသွားခဲ့ရသည်ဟု ဖော်ပြသည်။

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook