Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၆) နယ်မြေရှိ မဲ့ကသာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် တစ်ပါးဒဏ်ရာရ

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်၍ သံဃာတစ်ပါးဒဏ်ရာရခဲ့သည်ဟု KNUက သတင်းထုတ်ပြန်သည်။

(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဥ်၊ ဓာတ်ပုံ – KNU)

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလေတပ်သည် မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် သုံးစင်းဖြင့် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ မဲ့ကသာဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ယနေ့ (အောက်တိုဘာ ၆ရက်) နံနက်အစောပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ထိုသို့တိုက်ခိုက်၍ မဲ့ကသာဘုန်းကြီးကျောင်းမှာ မီးလောင်ပျက်စီးသွားခဲ့ရသည်ဟု ဖော်ပြသည်။

အနီးပတ်ဝန်းကျင်တွင် နေထိုင်သောပြည်သူလူထုများမှာလည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။