Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့ဟု ကော်ဘရာစစ်ကြောင်း အသိပေး

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းရှိ တောင်နီ ကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် အခြေပြုရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၄)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂) ရဲဘော်များ၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့တို့က စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

ယနေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီ -ဝေါ်လေလမ်း တစ်ဝိုက်ထိုးစစ်ဆင်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် တစ်ပတ်အတွင်း နေ့စဉ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ နေ့စဉ် သတင်းဖော်ပြချက်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။