Connect with us

Hi, what are you looking for?

သတင်း

တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့ဟု ကော်ဘရာစစ်ကြောင်း အသိပေး

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းရှိ တောင်နီ ကျေးရွာအနီး တောင်ကုန်းတစ်ခုပေါ်တွင် အခြေပြုရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို ယနေ့ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁၀၄)တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ(၂) ရဲဘော်များ၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့တို့က စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်း၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်ဖွဲ့က ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ စနိုက်ပါများအသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး အရေအတွက်စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထား သည်။

ယနေ့တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကော်ဘရာစစ်ကြောင်း ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့သည် မြ၀တီ -ဝေါ်လေလမ်း တစ်ဝိုက်ထိုးစစ်ဆင်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် တစ်ပတ်အတွင်း နေ့စဉ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ နေ့စဉ် သတင်းဖော်ပြချက်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။