Connect with us

Hi, what are you looking for?

သတင်း

မြဝတီ အာရှလမ်းပေါ် ဇာတ်အဖွဲ့ကားတိမ်းမှောက်မှု ၁၁ ဦးသေဆုံး

“ဇာတ်ကမော်လမြိုင်က ဇာတ်အဖွဲ့၊ မြဝတီကိုသွားရင်း တိမ်းမှောက်တာလို့သိရတယ်”ဟု သဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ဇာတ်အဖွဲ့ကားတိမ်းမှောက်ပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(ဇာတ်အဖွဲ့ကားတိမ်းမှောက်ပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ‘ပွင့်နေခြည်’ ဇာတ်အဖွဲ့ကား တိမ်းမှောက်ခဲ့ရာ (၂)နှစ်ကလေးငယ်တစ်ဦးအပါအဝင် ဇာတ်သဘင်အနုပညာရှင် ၁၁ဦး သေဆုံးခဲ့ကြောင်း သဘင်အနုပညာအသိုင်းအဝိုင်းက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၅ ရက်) ညနေ ၄ နာရီ ၄၅မိနစ်ခန့်က မြဝတီမြို့နယ် ကွမ်းခြံကုန်းအဆင်းတွင် မွန်ပြည်နယ်အခြေစိုက် ‘ပွင့်နေခြည်’ဇာတ်အဖွဲ့ ကားတိမ်းမှောက်ခဲ့ရာ ယခုအချိန်ထိ အနုပညာရှင် ၁၁ဦးကွယ်လွန်ပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဇာတ်ကမော်လမြိုင်က ဇာတ်အဖွဲ့၊ မြဝတီကိုသွားရင်း တိမ်းမှောက်တာလို့သိရတယ်”ဟု သဘင်အစည်းအရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထိခိုက်သူများအနက် အများစုမှာ အမျိုးသားများဖြစ်ပြီး အမျိုးသမီး ခုနစ်ဦးထက်မနည်းပါဝင်ကြောင်း၊ မြဝတီဆေးရုံတွင် ဆေးကုသမှုခံယူနေကာ အကူအညီများလိုအပ်နေကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။