Connect with us

Hi, what are you looking for?

News

ကောလင်းနယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဖြင့်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများ

“ခုနစ်စီးလာတာကို ၂စီးခွဲတာလို့ ပြောတယ်။ ဥတုန်းမင်နားမှာ ပြောတယ်။ ထိခိုက်ဒဏ်ရာရ ၈၀လောက်လို့ ပြောတယ်။ အတိအကျတော့မသိဘူး”ဟု ကောလင်းဒေသခံက ပြောသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ယနေ့မနက်က စစ်ကောင်စီယာဉ်တန်း မိုင်းဖြင့် တိုက်ခိုက်ခံရ၍ စစ်ကောင် စီတပ်ဖွဲ့ဝင်များသေဆုံးဒဏ်ရာရမှုများပြားကြောင်း ကောလင်းဒေသခံက ပြောသည်။

ရွှေဘို -မြစ်ကြီးနားလမ်း၊ ကောလင်းနှင့် ကန့်ဘလူမြို့နယ်ကြား ဥတုန်းမင်ဒေသ၌ ဖြစ်ပွားခဲ့သည်ဟု သိရကြောင်း ၎င်းကဆိုသည်။

“ခုနစ်စီးလာတာကို ၂စီးခွဲတာလို့ ပြောတယ်။ ဥတုန်းမင်နားမှာ ပြောတယ်။ ထိခိုက်ဒဏ်ရာရ ၈၀လောက်လို့ ပြောတယ်။ အတိအကျတော့မသိဘူး”ဟု ကောလင်းဒေသခံက ပြောသည်။

ယမန်နေ့ညပိုင်းက ကောလင်းမြို့ပေါ်၌စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ တွင် မြို့ပေါ်၌ ထူးခြားမှုမရှိဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းဒေသခံတစ်ဦးကလည်း “ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ကောလင်းနယ်ထဲမှာ ဒီလိုဖြစ်တယ်ဆိုတာ ကောလင်းဘက်က ပြောလာတာ သိရတယ်”ဟု ပြော သည်။

ကောလင်းဒေသတွင် ယခင်ကလည်း စစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များက တိုက်ခိုက်မှုအချို့လုပ်ဆောင်ခဲ့သည်။ ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။ ကောလင်း PDFအနေဖြင့်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်းမရှိပေ။ ယခင် တိုက်ခိုက်မှုများတွင်လည်း ကောလင်း PDFအနေဖြင့် သတင်းထုတ်ပြန်ခြင်းမပြုခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။