Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော

ပြည်သူလူထုကို လေကြောင်းမှ ဒုက္ခပေး၊ သတ်ဖြတ်နေသူများ၏ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး ယင်းကျူးလွန်သူများသည် နောင်တချိန်တွင် အရေးယူအပြစ်ပေးခံရမည်ဟု ဝန်ကြီးဦးထင်လင်းအောင်က သတိပေးသည်။

လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော
လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် နေရာတိုင်း၌ ပစ္စည်းမရှိသော်လည်း အချို့နေရာများတွင် ပစ္စည်းရှိပြီး ရှိသည့်နေရာနှင့်တိုးပါက ပစ်ချမည်ဟု NUG ဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။

ယနေ့ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းစာရှင်းလင်းပွဲ၌ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“တိတိကျကျပြောရရင် ကျွန်တော်တို့က ပြည်သူလူထုကို ကာကွယ်ရမယ့်အနေအထားလည်းရှိတယ်။ ကာကွယ်ရမှာလည်းဖြစ်တယ်။ ထို့အတူ ကျွန်တော်တို့ဆီမှာ ခုနက ပြောသွားသလို၊ ကာကွယ်ရေးဝန်ကြီးလည်း ပြောထားပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းရှိထားပြီလားဆိုတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ရှိလဲဆိုတာ နေရာတိုင်းမှာတော့ မရှိဘူး။ ဒါပေမဲ့ အချို့နေရာတွေမှာတော့ ရှိပါတယ်။ ရှိလို့ အဲဒီနေရာနဲ့ လာတိုးရင်တော့ ကျွန်တော်တို့က ပစ်ချမှာပဲ။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ” ဟု ၎င်းက ဆို သည်။

ပြည်သူလူထုကို လေကြောင်းမှ ဒုက္ခပေး၊ သတ်ဖြတ်နေသူများ၏ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး ယင်းကျူးလွန်သူများသည် နောင်တချိန်တွင် အရေးယူအပြစ်ပေးခံရမည်ဟု ဝန်ကြီးဦးထင်လင်းအောင်က သတိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဥ်မောင်းနှင်နေသာ လေယာဥ်မှူးများ၊ ရဟတ်ယာဥ်မောင်းနှင်နေသော လေယာဥ်မှူးများအနေဖြင့် ပြည်သူလူထုကို မျက်နှာမူရန် နှင့် လူထုကို မျက်နှာမမူဘဲ တရားစီရင်ချိန်မှ အထက်က စေခိုင်းသဖြင့် လုပ်ဆောင်ရပါသည်ဟု ရှောင်လွှဲ၍ မရကြောင်း ၎င်းက ဆက်လက်သတိပေးသည်။

အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်များရှိပြီး လေကြောင်းတိုက်ခိုက်မှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်သော လေယာဥ်ဆီ ဖြတ်တောက်နိုင်ရေးကိုလည်း လုပ်ဆောင်နေကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။