Connect with us

Hi, what are you looking for?

သတင်း

အဆုံးသတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်ပြီး စစ်ကောင်စီကို ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်မည်ဟု NUGအသိပေး

ကလေးငယ်များကိုပင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေသည့် ရန်သူစစ်အာဏာ ရှင် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆက်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

(NUG အစိုးရအား ထောက်ခံကြောင်း စာတန်းချိတ်ဆွဲထားသည်ကို တွေ့ရစဥ်)
(NUG အစိုးရအား ထောက်ခံကြောင်း စာတန်းချိတ်ဆွဲထားသည်ကို တွေ့ရစဥ်)

▪️“ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမယ်ဆိုတဲ့ဟာကို အဖြေပေါ်မယ့်နှစ်ပေါ့” NUG

▪️အချိန်ဆွဲ သွေးခွဲ၊ လမ်းလွှဲ ဗျူဟာနှင့် နိုင်ငံရေးထွက်ပေါက်၊ စစ်ရေးအသက်ရှုပေါက်ရှာနေသည့် စစ်ကောင်စီကို အချိန်ပေး၍မရတော့ဟု​ပြော

စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲဆင်နွှဲမည့် ကာလကိုတစ်နှစ်သတ်မှတ်ပြီး ဘက်ပေါင်းစုမှ ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ညပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အသိပေးသည်။

“တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာမြောက် ပေါင်းစည်းမှု အစွမ်းနဲ့အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့လည်းသံဓိဌာန်ချထားပြီးဖြစ်ပါတယ်။ အချိန်ဆွဲသွေးခွဲ၊ လမ်းလွှဲ အဲဒီဗျူဟာနဲ့ နိုင်ငံရေးထွက်ပေါက်နဲ့ စစ်ရေးအသက်ရှုပေါက်ကို ရှာဖွေနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အချိန်ပေးလို့ မရတော့တဲ့ အခြေအနေဖြစ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တွေ အနေနဲ့ ကဏ္ဍ စစ်မျက်နှာခြောက်ခု ဖွင့်ပြီးတော့ အရှိန်မြှင့် ထိုးစစ်ဆင်နိုင်ရေးကို တစ်နှစ် စီမံချက်ညှိနှိုင်းရေးဆွဲနေပြီပဲဖြစ်ပါတယ်”ဟု NUG သတင်းစာရှင်းလင်းပွဲ တာဝန်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

ပြီးခဲ့သည့်ကာလသည် လိုအပ်သည့် အခြေခံအုတ်မြစ်ကို ဖြည့်ဆည်းတည်ဆောက်ခဲ့သည့် ကာလဖြစ်ပြီး လာမည့်ကာလ၌ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် နှစ်အဖြစ်ခံယူကြောင်း ၎င်းက ဆိုသည်။

“လာမယ့်နှစ်မှာ ရန်သူကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး ဘက်ပေါင်းစုံကနေ ဟန်ချက်ညီညီထိုးနှက်ကာ ထိုးစစ်ဆင်မယ့်စီမံချက်ကိုလည်း ပြင်ဆင်ချမှတ်နေပြီဖြစ်ပါတယ်။ အဆိုပါ စီမံချက်ဟာ ပေးထားချက်လက်တွေ့အခြေအနေနဲ့ ဖြစ်နိုင်စွမ်းတွေကို အကောင်းဆုံးတွက်ချက် သုံးသပ်ပြီး ပြင်ဆင်ထားပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၏ မဟာဗျူဟာမြောက်ဆောင်ရွက်ချက်များကို အကောင် အထည်ဖော် လုပ်ဆောင်နိုင်ရန် အရေးကြီးဆုံးအင်အားသည် ပြည်သူလူထုသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကလေးငယ်များကိုပင် လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေသည့် ရန်သူစစ်အာဏာ ရှင် အနေဖြင့် ပြည်သူလူထု၏ ဆန္ဒကို စဉ်းစားမည်မဟုတ်ဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ဆက်သွားမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

အခက်အခဲဆုံးကာလကို ရင်ဆိုင်ရမည်ဖြစ်ပြီး အားလုံးညီညွတ်စွာ ဝိုင်းဝန်းကြိုးစားပါက ထင်သာမြင်သာသည့် အပြောင်းအလဲများ ပန်းတိုင်များကို လာမည့်နှစ်တွင် မြင်တွေ့ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တစ်နှစ်တောင်စောင့်စရာမလိုတဲ့ အချိန်တွေမှာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ ထင်သာမြင်သာတဲ့ မြင်ကွင်းတွေ ဒါတွေမြင်ရမှာ ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”ဟု ဦးနေဘုန်းလတ်က ပြောသည်။

အာမခံနိုင်သည်မှာ လာမည့်နှစ်အတွင်း အဖြေပေါ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမယ်ဆိုတဲ့ဟာကို အဖြေပေါ်မယ့်နှစ်ပေါ့”ဟု ဦးနေဘုန်းလတ်က သတင်းထောက်အချို့၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။