Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော

ပြည်သူလူထုကို လေကြောင်းမှ ဒုက္ခပေး၊ သတ်ဖြတ်နေသူများ၏ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး ယင်းကျူးလွန်သူများသည် နောင်တချိန်တွင် အရေးယူအပြစ်ပေးခံရမည်ဟု ဝန်ကြီးဦးထင်လင်းအောင်က သတိပေးသည်။

လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော
လေကြောင်းရန်ကာကွယ်ရေးပစ္စည်းပိုင်ဆိုင်ထားပြီး ပစ်ချမည်ဟု NUG ဝန်ကြီးပြော

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် နေရာတိုင်း၌ ပစ္စည်းမရှိသော်လည်း အချို့နေရာများတွင် ပစ္စည်းရှိပြီး ရှိသည့်နေရာနှင့်တိုးပါက ပစ်ချမည်ဟု NUG ဝန်ကြီး ဦးထင်လင်းအောင်က ပြောသည်။

ယနေ့ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းစာရှင်းလင်းပွဲ၌ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“တိတိကျကျပြောရရင် ကျွန်တော်တို့က ပြည်သူလူထုကို ကာကွယ်ရမယ့်အနေအထားလည်းရှိတယ်။ ကာကွယ်ရမှာလည်းဖြစ်တယ်။ ထို့အတူ ကျွန်တော်တို့ဆီမှာ ခုနက ပြောသွားသလို၊ ကာကွယ်ရေးဝန်ကြီးလည်း ပြောထားပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီလေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းရှိထားပြီလားဆိုတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်နေရာတွေမှာ ရှိလဲဆိုတာ နေရာတိုင်းမှာတော့ မရှိဘူး။ ဒါပေမဲ့ အချို့နေရာတွေမှာတော့ ရှိပါတယ်။ ရှိလို့ အဲဒီနေရာနဲ့ လာတိုးရင်တော့ ကျွန်တော်တို့က ပစ်ချမှာပဲ။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ” ဟု ၎င်းက ဆို သည်။

ပြည်သူလူထုကို လေကြောင်းမှ ဒုက္ခပေး၊ သတ်ဖြတ်နေသူများ၏ မှတ်တမ်းများကို ရယူစုဆောင်းနေပြီး ယင်းကျူးလွန်သူများသည် နောင်တချိန်တွင် အရေးယူအပြစ်ပေးခံရမည်ဟု ဝန်ကြီးဦးထင်လင်းအောင်က သတိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဥ်မောင်းနှင်နေသာ လေယာဥ်မှူးများ၊ ရဟတ်ယာဥ်မောင်းနှင်နေသော လေယာဥ်မှူးများအနေဖြင့် ပြည်သူလူထုကို မျက်နှာမူရန် နှင့် လူထုကို မျက်နှာမမူဘဲ တရားစီရင်ချိန်မှ အထက်က စေခိုင်းသဖြင့် လုပ်ဆောင်ရပါသည်ဟု ရှောင်လွှဲ၍ မရကြောင်း ၎င်းက ဆက်လက်သတိပေးသည်။

အပြည်ပြည်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်များရှိပြီး လေကြောင်းတိုက်ခိုက်မှု၏ အဓိကရင်းမြစ်တစ်ခုဖြစ်သော လေယာဥ်ဆီ ဖြတ်တောက်နိုင်ရေးကိုလည်း လုပ်ဆောင်နေကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။