Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းတွင်စစ်တပ်ကအိမ်များမီးရှို့ခဲ့၍ PDFနှင့်YDF ရဲဘော်များမီးငြှိမ်းသတ်​​ပေးပြီး စပါးများကိုရွှေ့ပြောင်းပေး

ပြည်သူများ အနေဖြင့် စစ်ကော်စီတပ် စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားစေလိုဟုလည်း ထီးလင်း PDFက ​မေတ္တာရပ်ခံထားသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်​ပေးပြီးစပါးများမီးမ​လောင်​စေရန်ကူညီသယ်​ဆောင်​ပေး​နေစဥ်။ ဓါတ်ပုံ-PDF-ထီးလင်း)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်​ပေးပြီးစပါးများမီးမ​လောင်​စေရန်ကူညီသယ်​ဆောင်​ပေး​နေစဥ်။ ဓါတ်ပုံ-PDF-ထီးလင်း)

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် စစ်ကောင်ဏီတပ်က သရခါရွာမှ ပြည်သူလူထု နေအိမ်များကို မီးရှို့ခဲ့ရာ စစ်ကောင်စီတပ်များထွက်ခွာသွားပြီးနောက် ယောဒေသကကာကွယ်ရေးတပ်(YDF) -ထီးလင်း နှင့် ပြည်သူ့ကာကွယ်ရေတပ်(PDF)-ထီးလင်း တို့မှ ရဲဘော်များက နေအိမ်များကို မီးငြှိမ်းသတ်ပေး ခဲ့ကြောင်း ဂန့်ဂေါခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၆ရက်တွင် ရွှေအောင်သာဘက်မှ ထီးလင်းဘက်သို့ အင်အား ၈၀ခန့်ဖြင့်ထွက်လာ​သောစစ်​ကောင်စီတပ်ကို လက်နက်ကြီးများ ၊ပ​ဒေသာမိုင်းများဖြင့်​ဖောက်ခွဲတိုက်ခိုက်ရာ စစ်​ကောင်စီတပ်က ပြန်လည်၍ရမ်းသန်းပစ်ခတ်ခဲ့သည်။ထိုအပြင် သရခါရွာဘုရားကုန်းအနီးတွင် ကင်းပုန်းယူထားသည့် စစ်ကောင်စီတပ်အား ထီးလင်း PDF က ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပြီး အောက်တိုဘာ ၇ရက် နံနက်တွင် စစ်ကောင်စီတပ်က သရခါရွာရှိ ပြည်သူလူထုနေအိမ် အချို့ကို မီးစတင်ရှို့ခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်​ပေးပြီးစပါးများမီးမ​လောင်​စေရန်ကူညီသယ်​ဆောင်​ပေး​နေစဥ်။ ဓါတ်ပုံ-PDF-ထီးလင်း)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်​ပေးပြီးစပါးများမီးမ​လောင်​စေရန်ကူညီသယ်​ဆောင်​ပေး​နေစဥ်။ ဓါတ်ပုံ-PDF-ထီးလင်း)

ထိုသို့မီးရှို့ခဲ့၍ အဆိုပါ ကျေးရွာရှိ နေအိမ် ၆လုံး မီးလောင်ကျွမ်းခဲ့ရာ ဒေသကာကွယ်ရေး အဖွဲ့များ၊ ထီးလင်း PDF တို့မှ ဝိုင်းဝန်း မီးငြှိမ်းသတ်​ပေးကြသလို ၊မီးငြှိမ်းသတ်နေစဉ် လုံခြုံရေးယူပေးခဲ့ကြောင်းလည်း အသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

မီးညွှန့်ကျိုးပြီး စပါးကျီများ မီးစွဲလောင်နေစဉ် ကျန်နေသော စပါးများကို မီးလွတ်ရာသို့ ရွှေ့ပြောင်းရာတွင်လည်း ကူညီပေးခဲ့သည်ဟုအသိ​ပေးထာသည်။

Public Service Announcement

Public Service Announcement

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်​ပေးပြီးစပါးများမီးမ​လောင်​စေရန်ကူညီသယ်​ဆောင်​ပေး​နေစဥ်။ ဓါတ်ပုံ-PDF-ထီးလင်း)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်​ပေးပြီးစပါးများမီးမ​လောင်​စေရန်ကူညီသယ်​ဆောင်​ပေး​နေစဥ်။ ဓါတ်ပုံ-PDF-ထီးလင်း)

စစ်ဘေးရှောင် ပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းကွင်းများ ပြန်လည်အသက်မဲ့စဉ် မတော်တဆ ပေါက်ကွဲမှု့ ဖြစ်ပွါးခဲ့ပြီး ထီးလင်း PDFမှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ကိုလက်နက်ကြီးများ၊မိုင်းများဖြင့်ပစ်ခတ်​ဖောက်ခွဲတိုက်ခိုက်စဥ် ထိခိုက်​သေဆုံးမှုရှိ၊မရှိကို ပြည်သူ့ကာကွယ်ရေတပ်(PDF)-ထီးလင်းသို့ People’s Spring ကဆက်သွယ်​မေးမြန်းထားပြီးပြန်လည်​ဖြေကြားခြင်းမရှိ​သေး​ပေ။

ပြည်သူများ အနေဖြင့် စစ်ကော်စီတပ် စစ်ကြောင်းများရှိပါက စစ်ကြောင်းဦးတည်ရာ လမ်းကြောင်းများသို့ မသွားစေလိုဟုလည်း ထီးလင်း PDFက ​မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို