Connect with us

Hi, what are you looking for?

သတင်း

နယူးယောက်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲကျင်းပ

ဈေးရောင်းပွဲတွင် မြန်မာအစားအသောက်မျိုးစုံ ၊မြန်မာအဝတ်အထည်မျိုးစုံနှင့် မြန်မာ့လက်မှု့အနုပညာအမျိုးမျိုးတို့ ရောင်းချခဲ့ကြပြီး ရံပုံငွေရှာဖွေခဲ့ကြသည်။

ဓာတ်ပုံ - NYCBC
ဓာတ်ပုံ - NYCBC

▪️ရံပုံငွေပွဲတွင် ကန်ဒေါ်လာ သုံးသောင်းကျော် ရောင်းချခဲ့ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြည်ပရောက်မြန်မာများ (NYCBC) အဖွဲ့မှ ဦးဆောင်ကာ ယမန်နေ့ (အောက်တိုဘာ ၈)က နွေဦးတော်လှန် ရေး ရံပုံငွေဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ဈေးရောင်းပွဲတွင် မြန်မာအစားအသောက်မျိုးစုံ ၊မြန်မာအဝတ်အထည်မျိုးစုံနှင့် မြန်မာ့လက်မှု့အနုပညာအမျိုးမျိုးတို့ ရောင်းချခဲ့ကြပြီး ရံပုံငွေရှာဖွေခဲ့ကြသည်။

ဈေးရောင်းပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် နယူးယောက်ရှိ မြန်မာပြည်ဖွားတိုင်းရင်းသားများ လာရောက်ကာ ဆင်နွှဲခဲ့ကြကြောင်း NYCBC က ဖော်ပြသည်။

အဆိုပါ ရံပုံငွေရှာဖွေရေး ဈေးရောင်းပွဲကို နယူးယောက်မြို့ Queen County ရှိ St. James Episcopal Church တွင် ဒေသစံတော်ချိန် နေ့လည် ၁၁နာရီမှ ညနေ ၅နာရီထိ ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၃သောင်းကျော် ရှာဖွေရရှိခဲ့ကြောင်း NYCBCက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဓားထိုးမှုတစ်ခု ဖြစ်ပွားပြီး လူ ၅ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လမ်းတွေရဲ့ အောက်ဖက် ရေဆင်းပိုက်လိုင်းတွေဆီ ဆက်သွယ်ထားတဲ့ လူဆင်းပေါက် (mahole)တွေဆီ ဘယ်သူဘယ်ဝါမှန်း မသိသူတွေ အဝင်အထွက် လုပ်နေတဲ့ ကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။