Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Burma Rangers (ShweBo)က အသိပေးသည်။

ရွှေဘို - ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
ရွှေဘို - ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

▪️စစ်ကောင်စီတ​ပ်ပစ်ခတ်၍ ပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသော ၁၂ ဘီးယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြီး ၎င်းတို့ရမ်းသမ်းပစ်ခတ်၍ ပြည်သူနှစ် ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း Burma Rangers (ShweBo) အဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

အောက်တိုဘာ ၈ ရက် ညနေ ၅နာရီခန့်ကတပ်တွင်းသတင်းအရ စစ်ကိုင်းတိုင်း ကျောက်မြောင်း မြို့နယ်ခွဲမှ ရွှေဘိုမြို့သို့ မောင်းနှင်လာသော မိုးကာအစိမ်းအုပ် ၁၂ဘီးကားအတွင်း၌ စစ်ကောင် စီတပ်များ လိုက်ပါလာသည်ဟု သတင်းရရှိခဲ့သည်။

ရွှေဘို - ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဉ် တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

အဆိုပါ ၁၂ဘီးယာဉ်အား ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာလမ်းခွဲထိပ်တည့်တည့်တွင် ‌စောင့်ဆိုင်းကာမိုင်း၁၆လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲရာနေရာတွင်ပင် စစ်ကောင်စီတပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံး၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု တပ်တွင်းသတင်းပေးချက်အရသိရှိရကြောင်း Burma Rangers (ShweBo)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Burma Rangers (ShweBo)က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မိုင်းထိမှန်ကာအကျအဆုံးများသောကြောင့် မိုင်းဆွဲခံရသည့်နေရာမှစ၍ ရွှေဘိုတက္ကသိုလ် ဂိတ်ဝအထိ လက်နက်ငယ်များပစ် ခတ်သွားခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကြက်မွေးမြူရေးဇုန်အနောက်ဘက်ရှိ ရွှေမိဆီဆိုင်အနီးတွင် ပြည်သူတစ်ဦး၊ မင်းကျောင်းကျေးရွာအနီးတွင် ပြည်သူတစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း Burma Rangers (ShweBo) အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရွှေဘို – ကျောက်မြောင်းလမ်းတွင် စစ်ကောင်စီယာဥ်များအား ​ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။