Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်စု ကျောက်မြောင်းနဲ့ ရှိမ်းမကားအနီး ရောက်နေ

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

စက်တင်ဘာ -၆၊၂၀၂၆ မေရီ/People’s Spring

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

စက်တင်ဘာ ၄ရက် ညနေပိုင်းက မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စု (၃၁) စီးဟာ စက်တင်ဘာ ၅ ရက် ညနေပိုင်းအထိ ခရီးဆက်လက် ဆန်တက်နေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

ပထမအသုတ် ရှေ့ပြေးရေယာဉ်အုပ်စုမှာ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ကျောက်မြောင်းတံတားအနီးသို့ ရောက်ရှိပြီး အထက်ဘက်သို့ ဆက်လက်ဆန်တက်နေပါတယ် ။ ဒုတိယအသုတ် နောက်ဆုံးရေယာဉ်အုပ်စုရဲ့ ဦးဆောင်အစီးမှာလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားရွာ အရှေ့ဘက် မြစ်ကြောင်းအတွင်းသို့ ရောက်ရှိကာ ဆက်လက်ချီတက်နေကြောင်း ကင်းထောက်အဖွဲ့တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သင်္ဘောတွေက ပစ်ခတ်ခြင်းမရှိဘူး။ အခုကျောက်မြောင်းကိုရောက်ပြီ။ ပစ်တာခတ်တာတော့ မရှိသေးဘူး။ မနေ့က မန္တလေးကအထွက်မှာတော့ နည်းနည်းပါးပါး ပစ်တာရှိတယ်။ ကျွန်တော်တို့ကြားတာကတော့ မောင်းကုန်းနားက နီကယ်စက်ရုံကိုတက်မယ်ကြားတယ်”လို့ Wetlet Informational Network အဖွဲ့က ကိုနဂါးလေးက ပြောပါတယ်။

သင်္ဘောအုပ်စုထဲက အချို့ဟာတ​ကောင်းနီကယ်စက်ရုံက နီကယ်​တွေကိုသွား​သယ်မှာဖြစ်ပြီး အချို့ က ဗန်း​မော်ကိုဆက်လက်ဆန်တက်နိုင်တယ်လို့ စုံစမ်းသိရပါတယ်။

အဲဒီသင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ဆီ ဆန်တက်ကာ ကချင်ပြည်နယ် ၊ဗန်းမော်မြို့ဆီ ဦးတည်နိုင်တယ်လို့လည်း ဒေသတွင်းတော်လှန်ရေးအင်အားစုအချို့က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်၂၁ ရက်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘော ၂စီး ၊ ကုန်တင် သင်္ဘော ၈စီးအပါအဝင် စုစုပေါင်း သင်္ဘော၁၅စီးဟာ မန္တလေးမြို့ကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီ ဆန်တက်ရာမှာ မြစ်

ကြောင်း တလျောက်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီ သင်္ဘောအုပ်စုဟာ စက်တင်ဘာ ၂ ရက်မှာတော့ ရွှေကူမြို့နဲ့ ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ကျဉ်းမှာ KIA နဲ့ ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရပြီးနောက် ဗန်းမော်မြို့ကို သင်္ဘောစီး​ရေ အနည်းငယ်သာ ရောက်သွားခဲ့ပါတယ်။ ဒါအပြင် စက်တင်ဘာ ၄ ရက်မှာ ဗန်း​မော်နဲ့ စင်ခန်းကြားမှာ စစ်သင်္ဘော၃ စီးကို KIA ကထပ်မံတိုက်ခိုက်ခဲ့သလို ၊ စက်ပျက်ပြီး​မျော​နေတဲ့

စစ်သင်္ဘော ၁ စီးကို ဗန်း​မော်က​နေသင်္ဘော ၂ စီးက စက်တင်ဘာ ၅ ရက်မှာ ဆွဲယူတာမှာ ​တော်လှန်​ရေးတပ်​တွေကထပ်မံတိုက်ခိုက်လို့ ၁ စီး ပျက်စီးခဲ့ပါ​သေးတယ် ။ ဒါ​ကြောင့် စစ်သင်္ဘောအုပ်စုထိက ဖျက်ဆီးနှစ်မြှပ်ခံရတာ၊ပျက်စီးတာ ၊ အလင်းဝင်တာစုစု​ပေါင်း ၁၀ စီးခန့်အထိရှိခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။