Connect with us

Hi, what are you looking for?

သတင်း

ကယား(ကရင်နီ)ဒေသရှိ စစ်ရှောင်ကလေးငယ်များ၏ ပညာသင်ကြားရေးတွင် ဖတ်စာအုပ်များလိုအပ်နေ၊ ကျောင်းသားသုံးဦးလျှင်တစ်အုပ်နှုန်းဖြင့်သင်ကြားနေ

ဒေသတစ်ခုလုံးတွင် ကြားကာလပညာရေးဖော်ဆောင်လျှက်ရှိသည့် ပညာရေးကျောင်း (၂၈၀)ကျော်ရှိရာအဆိုပါကျောင်းများတွင် ပညာသင်ယူလျှက်ရှိသည့် စစ်ရှောင်ကျောင်းသားဦးရေ (၃၁,၇၃၅)ဦးရှိသည်ဟုဆိုသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

ကယား(ကရင်နီ)ဒေသရှိ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားရေးတွင် ကျောင်းသားသုံးဦးလျှင် ဖတ်စာအုပ်တစ်အုပ်သာရှိသောကြောင့် ဖတ်စာအုပ်များအရေးတကြီးလိုအပ်နေကြောင်း ကယား(ကရင်နီ)ပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂက ပြောသည်။

ဒေသတစ်ခုလုံးတွင် ကြားကာလပညာရေးဖော်ဆောင်လျှက်ရှိသည့် ပညာရေးကျောင်း (၂၈၀)ကျော်ရှိရာအဆိုပါကျောင်းများတွင် ပညာသင်ယူလျှက်ရှိသည့် စစ်ရှောင်ကျောင်းသားဦးရေ (၃၁,၇၃၅)ဦးရှိသည်ဟုဆိုသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

“စစ်ရှောင်များရဲ့ အခက်အခဲကတော့ အများကြီးရှိပေမဲ့ လတ်တစ်လော ကြုံတွေ့နေရတာကတော့ ဖတ်စာအုပ် အခက်အခဲပါ။ စာရေးကိရိယာ၊ ဖတ်စာအုပ် လုံလောက်မှုမရှိပါဘူး။ ကလေး ၃ ယောက်တစ်အုပ်၊ နှစ်ယောက်တစ်အုပ် ကြည့်ရတဲ့ အနေအထားမှာ ရှိပါတယ်ရှင့်”ဟု ဆရာ၊ ဆရာမများသမဂ္ဂမှ ဆရာမတစ်ဦးက ပြောသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

ထို့အပြင် စစ်ကောင်စီတပ်မှနေ့စဥ်နီးပါးလက်နက်ကြီးပစ်ခတ်မှုများကြောင့် အန္တရာယ်ကြားမှ ပညာရေးကိုခက်ခက်ခဲခဲဖော်ဆောင်နေရပြီး အမိုးအကာများ မပြည့်စုံခြင်း၊ စာသင်ဆောင်များကောင်းမွန်ပြည့်စုံမှုမရှိခြင်းတို့ရှိနေသည်ဟုရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် “ရင်သွေးငယ်တို့ ပညာရေး မိဘပြည်သူဝိုင်းကူပေး”ကမ်ပိန်းအား အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ ကမ်ပိန်းကာလသတ်မှတ်လုပ်ဆောင်လျှက်ရှိကာ သတ်မှတ်ပမာဏကျပ်သိန်း (၃,၀၀၀)သတ်မှတ်ထားသည်ဟု ​ကြေညာထားသည်။

(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)
(စစ်​ရှောင်က​လေးငယ်များ၏ ယာယီစာသင်​ဆောင်နှင့်ကမ်ပိန်း​ကြော်ညာ ။ဓါတိပုံ-WLMFB)

လက်ရှိတွင် ကမ်ပိန်းကာလ ၁၁ ရက်အတွင်း ကျပ်သိန်း (၅၀၀)ခန့်သာရရှိသေးတာကြောင့် သတ်မှတ်ပမာဏပြည့်မီရန် ပြည်တွင်းပြည်ပရှိ အလှူရှင်များမှ ဝန်းဝိုင်းကူညီပံ့ပိုးပေးကြရန် နှိုးဆော်တိုက်တွန်းထားသည်။

ပံ့ပိုးကူညီလိုသူများအနေဖြင့် ပြည်ပမှ ပါဝင်လှူဒါန်းလိုလျှင် We Love Myanmar facebook page –https://www.facebook.com/welovemm2022/ သို့ ဆက်သွယ်နိင်ပြီး ပြည်တွင်းမှ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကယားပြည်နယ်လုံးဆိုင်ရာ အ​ခြေခံပညာ ဆရာများ သမဂ္ဂ Facebook page messenger မှ တစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။