Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်၊ မရာနယ်မြေအတွင်း ချင်းကာကွယ်တပ်ဖွဲ့နှစ်ခုကြား ထိတွေ့ပစ်ခတ်မှုဖြစ်

ချင်းပြည်နယ် မရာဒေသတွင်း လက်နက်နှစ်ဖွဲ့ကြားတင်းမာပြီးနောက် ပစ်ခတ်မှုများဖြစ်လာခြင်းကြောင့် ဒေသခံများကစိုးရိမ်နေခြင်းဖြစ်သည်။

People's Spring
People's Spring

▪︎ JCDC ၊CNF နှင့် မာရာလူကြီးများညှိနှိုင်း​ဖြေရှင်း​ပေးသင့်​ကြောင်း​ဒေသခံ​ပြော

ချင်းပြည်နယ်၊ မရာနယ်မြေအတွင်းရှိ ငဖိုင်ပီးရွာတွင် CDF-Mara နှင့် MDF(မရာမြေကာကွယ်ရေးတပ်ဖွဲ့)တို့ကြား အောက်တိုဘာ ၉ ရက်က နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက​ပြောသည်။

ချင်းပြည်နယ် မရာနယ်မြေအတွင်း MDFကိုအောက်တိုဘာ ၉ ရက် နောက်ဆုံးထားပြီး အပြီးအပိုင်တပ်ဆုတ်ရန် CDF-Maraက သတိပေးစာထုတ်ပြီးနောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၃ ရက်တွင် CDF-Mara တပ်သားများကို MDFက တိုက်ခိုက်ပြီးနောက် နှစ်ဖက်ကြားတင်းမာပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များထံမှ သိရသည်။

အောက်တိုဘာ ၃ ရက်က MDFက CDF-Maraကိုပစ်ခတ် တိုက်ခိုက်မှုနှင့်ပတ်သတ်၍ CDFတပ်ဖွဲ့ ၅ ဖွဲ့က MDFကို သတိပေးခဲ့သည်။ CDFအဖွဲ့ ၅ဖွဲ့တွင် Zotung ၊ Zophei၊ Mara၊ Lautu ၊ Senthangတို့ပါဝင်ပြီး ZZMLS အဖြစ်ဖွဲ့စည်းထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် CDF-Maraက MDFကို မရာနယ်မြေအတွင်းမှ တပ်ဆုတ်ခွာ​ပရန် သတိပေးစာထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ် အတွင်းရှိ ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ အတွင်းရှိ မရာနယ်မြေများကို စုပေါင်းပြီး မရာအုပ်ချုပ်ရေးနယ်မြေများအဖြစ် ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်က သတ်မှတ်ခဲ့သည်။

ချင်းပြည်နယ် မရာဒေသတွင်း လက်နက်နှစ်ဖွဲ့ကြားတင်းမာပြီးနောက် ပစ်ခတ်မှုများဖြစ်လာခြင်းကြောင့် ဒေသခံများကစိုးရိမ်နေခြင်းဖြစ်သည်။

“စစ်ကောင်စီကို တိုက်ထုတ်နေတဲ့အချိန်မှာ အချင်းချင်းပြသနာတက်တာ မလိုချင်ပါဘူး၊ JCDC ၊CNF တို့နှင့်မရာလူကြီးတွေအကောင်းဆုံညှိနှိုင်းရင် လူထုအတွက် ကောင်းပါတယ်”ဟု မရာလူမျိုးတစ်ဦးကပြောသည်။

Chinland Defense Force-Mara နှင့် Mara Army တပ်ဖွဲ့နှစ်ခုအား မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ Maraland Defense Force-MDF အဖြစ် ၂၀၂၂ဖေဖော်ဝါရီ ၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။