Connect with us

Hi, what are you looking for?

သတင်း

တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရန် ကုလ၌ မြန်မာသံအမတ်ကြီး တိုက်တွန်း

လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း ဆက်ပြောသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရန် ကုလ၌ မြန်မာသံအမတ်ကြီး တိုက်တွန်း
တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အရ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးယူရန် ကုလ၌ မြန်မာသံအမတ်ကြီး တိုက်တွန်း

မည်သည့်တရားရုံးတွင်မဆို တရားစီရင်နိုင်သည့် တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကို အသုံးပြုကာ စစ်အာဏာ ရှင်များကို တရားစီရင်နိုင်ရန် အင်အားစိုက်ထုတ်နေသည့် ကြိုးပမ်းမှု အားလုံးကို ကြိုဆိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

မြန်မာပြည်သူများအပေါ် စစ်တပ်ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇ၀တ်မှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဖြစ်နိုင်သည့် နည်းလမ်းဖြင့် မဖြစ်မနေ အပြစ်ပေးအရေးယူကာ ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်ကြောင်း သံအမတ်ကြီးက အောက်တိုဘာ ၁၂ ရက်တွင် အထွေထွေညီလာခံသို့ ပြောသည်၊

အမျိုးသားညီညွတ်ရေးအစိုးရက တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်ပယ်နှင့် အခြေခံသဘောတရားကိုအသုံးချမှုနှင့်ပတ်သက်၍ အပြု သဘောဆောင်သည့် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့်ပြီး သက်ဆိုင်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီတွင် တရားမဝင်စစ်အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ချိန်မှအစပြု၍ စိန်ခေါ်မှုမြောက်များစွာကို ရင်ဆိုင်လျက်ရှိပြီး ပြည်သူများ၏ ဆန္ဒမှန်ကိုဆန့်ကျင်သည့် မလိုလားအပ်သောဒုက္ခများကို ပြည်သူများကြုံတွေ့နေရကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

Public Service Announcement

Public Service Announcement

လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း ဆက်ပြောသည်။

မြန်မာစစ်တပ်သည် တရားဥပဒေစိုးမိုးမှု၊ စံနှုန်းနှင့် အခြေခံမူများကို မျက်ကွယ်ပြုခြင်း၊ အထူးသဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို လုံးလုံးလျားလျား မျက်ကွယ်ပြုခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် လူကဖန်တီး၍ ဖြစ်ပေါ်လာသော ဆိုးကျိုးများ၏ နောက်ဆက်တွဲ လူမှု-စီးပွားဘဝနှင့် လုံခြုံရေးကျဆင်းမှု တို့ကို ရင်ဆိုင်ကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်များအပါအဝင် အခြားသောလူကုန်ကူးမှုများ၊ နေရပ်စွန့်ခွာမှုများနှင့် ဒုက္ခသည်များဖြစ်နေရခြင်း တို့မှာ ပြည်သူများနေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

FATFသည်စစ်တပ်ကအမေရိကန်၏အဓိကပြိုင်ဘက်နိုင်ငံများထံမှလက်နက်ဝယ်ယူရန် ငွေကြေးလမ်းကြောင်းများကိုတားဆီးနိုင်သည်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။