Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သာမန် အရပ်သားလို နေထိုင်တဲ့ မင်းသမီးကို လုံခြုံရေး အခြေအနေအရ နယ်သာလန် နန်းတော် ပြန်ခေါ်

နယ်သာလန်နဲ့ တခြားဥရောပ နိုင်ငံတွေမှာ တော်ဝင် မျိုးနွယ်တွေက လုံခြုံရေးနဲ့ ပတ်သက်လို့ လူသိထင်ရှား ထုတ်ပြောတာမျိုး အရမ်းရှားပါးပါတယ်။ နယ်သာလန် ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးဘူးလို့ သိရပါတယ်။

သာမန် အရပ်သားလို နေထိုင်တဲ့ မင်းသမီးကို လုံခြုံရေး အခြေအနေအရ နယ်သာလန် နန်းတော် ပြန်ခေါ်
သာမန် အရပ်သားလို နေထိုင်တဲ့ မင်းသမီးကို လုံခြုံရေး အခြေအနေအရ နယ်သာလန် နန်းတော် ပြန်ခေါ်

သာမန် ဆယ်ကျော်သက် အရပ်သား လူငယ်တစ်ယောက်လို နေထိုင်နေတဲ့ နယ်သာလန် ဘုရင့် သမီးတော်ဟာ လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေ တချို့ကြောင့် နန်းတော်ကို ပြန်သွားရကြောင်း သိရပါတယ်။

နယ်သာလန် ဘုရင်နဲ့ မိဖုရားတို့က သူတို့ရဲ့ အသက် ၁၈ နှစ်အရွယ် သမီးဖြစ်သူဟာ တိုက်ခိုက်မှု၊ ဒါမှမဟုတ် ပြန်ပေးဆွဲ ခံရမှု တစ်ခုခု ကြုံလာနိုင်တာကြောင့် အရင်လို နန်းတော်ပြင်ပမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးလို့ မရတော့ကြောင်း အတည်ပြုခဲ့ပါတယ်။

မင်းသမီး အမ်မလီယာဟာ အမ်စတာဒမ် တက္ကသိုလ် ကျောင်းသူ အဆောင်မှာ နေထိုင်ရာက အခုအခါ ဟိဂ်မြို့မှာ ရှိနေတဲ့ နန်းဆောင်ဆီ ပြန်သွားရပြီ ဖြစ်ပါတယ်။ နယ်သာလန် တော်ဝင်မိသားစုဟာ သာမန် မဟုတ်တဲ့ အခြေအနေမျိုးအဖြစ် မီဒီယာတွေကို တွေ့ဆုံခဲ့ပြီး မင်းသမီး အမ်မလီယာ ကြုံနေရတဲ့ ခြိမ်းခြောက်မှုတွေကို ထုတ်ပြောခဲ့ကြပါတယ်။

စိတ်မချမ်းမသာ ဖြစ်နေဟန်ရှိတဲ့ မိဖုရားကြီး မက္ကဆီမာက လက်ရှိ အခြေအနေတွေကို ပေါ့ပေါ့ဆဆ သဘောထားမိရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံလာမှာကို စိုးရိမ်မိကြောင်း၊ သူ့ရဲ့သမီးဟာ သာမန် တက္ကသိုလ် ကျောင်းသူ တစ်ယောက် ဖြတ်သန်းရတဲ့ ဘဝမျိုးကို ဘယ်လိုမှ ခံစားခွင့် မရှိတော့ကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နယ်သာလန် ထောက်လှမ်းရေးတွေက မင်းသမီး အမ်မလီယာနဲ့ ဝန်ကြီးချုပ်ဟောင်း မတ်ခ်ရူတေးတို့ဟာ ရာဇဝတ်ဂိုဏ်း တချို့ရဲ့ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း သတင်းတွေ ရရှိထားတယ်လို့ တော်ဝင် မိသားစုနဲ့ အစိုးရဆီ အသိပေးထားပါတယ်။ အမ်မလီယာဟာ နန်းတော်ကို စွန့်ခွာပြီး အဆောင်နေ တက္ကသိုလ် ကျောင်းသူဘဝမှာ ပိုပြီး လွတ်လပ် ပျော်ရွှင်နေပေမယ့် သူ့အပျော်က ကြာကြာ မခံခဲ့ပါဘူး။

ဒီဇင်ဘာလမှာ အသက် ၁၉ နှစ်ပြည့်မယ့် မင်းသမီးဟာ လူထုနဲ့ ပိုနီးစပ်တဲ့ တော်ဝင် မင်းသမီး တစ်ယောက်အဖြစ် လူသိများပါတယ်။ သူက မြင်းစီးရတာ ဝါသနာထုံသလို နွေရာသီ အားလပ်ရပ်တွေတုန်းက ရှီဗင်နင်ဂန်မှာရှိတဲ့ ကမ်းခြေ ဘားတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့တာကြောင့် ကော့တေး ဘုရင်မလို့ နာမည်ပြောင် အပေးခံရဖူးပါတယ်။

အမ်မလီယာဟာ နိုင်ငံရေး၊ စိတ်ပညာ၊ ဥပဒေနဲ့ စီးပွားရေး အထူးပြု ဘာသာရပ်တွေအတွက် အမ်စတာဒမ် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ဘုရင်ကြီး ဝီလျံ အလက်ဇန္ဒားက လွတ်လပ်ပေါ့ပါးမှုကို ခုံမင်တဲ့ သူ့သမီးရဲ့ သဘောထားကို သိပေမယ့် အလေးအနက် ထားရမယ့် အခြေအနေ တစ်ခုမှာ ဖြစ်လာနိုင်သမျှ အကျိုးဆက်တွေကို ပေါ့ပေါ့ဆဆ သဘောမထားရဲဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

နယ်သာလန်နဲ့ တခြားဥရောပ နိုင်ငံတွေမှာ တော်ဝင် မျိုးနွယ်တွေက လုံခြုံရေးနဲ့ ပတ်သက်လို့ လူသိထင်ရှား ထုတ်ပြောတာမျိုး အရမ်းရှားပါးပါတယ်။ နယ်သာလန် ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လတ်တလော ဘာမှတ်ချက်မှ မပေးသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျာမနီ အပြီးမှာတော့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး နောက်တစ်သင်းဖြစ်တဲ့ နယ်သာလန်လည်း စောစောစီးပီးပဲ ကမ္ဘာ့ဖလားကနေ နုတ်ဆက် ထွက်ခွာသွားရပါပြီ။ ဂျာမနီလိုပဲ နယ်သာလန်ဟာလည်း ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက်နဲ့ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။