Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲသတင်းများ အလျင်စလို အွန်လိုင်းပေါ်မတင်ရန် ချင်းတပ် CNA တပ်မှူး တိုက်တွန်း

ယခုရက်ပိုင်းအတွင်း၌ ဟားခါးနှင့် ထန်တလန်ကြား၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် CNA ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်မတော်(CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်၊ဓာတ်ပုံ - The Chin Journal
ချင်းအမျိုးသားတပ်မတော်(CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်၊ဓာတ်ပုံ - The Chin Journal

မြေပြင်၌ တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏လုံခြုံရေးအတွက် တိုက်ပွဲသတင်းများအား အလျင်စလို အွန်လိုင်းပေါ်မတင်ကြရန် ချင်းအမျိုးသားတပ်မတော် (CNA) တပ်မှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောကြားသည်။

အောက်တိုဘာ ၁၄ရက်က ပြုလုပ်သည့် အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်တွင် ဗိုလ်မှူးကြီး ဆော်လမွန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု The Chin Journalက ဖော်ပြထားသည်။

“ စစ်ပွဲဆိုတာ မဟာဗျူဟာ ကျကျနဲ့ဆင်နွှဲတာဖြစ်တဲ့အတွက် အွန်လိုင်း မီဒီယာမှာအလျင်စလို တင်တဲ့ဟာတွေကို ရန်သူက ပြန်ပြီးအသုံးပြုတာတွေရှိတယ်။ တိုက်ပွဲဖြစ်ပွားနေစဉ် အဲလို သတင်းတင်တဲ့ သူတွေဖက်က ပြည်သူတွေကို အကျိုးပြုတယ်လို့ မိမိကိုယ်ကိုယ် ခံယူနိုင်ပေမယ့် မြေပြင်ကရဲဘော်တွေအတွက် အသက်ဆုံးရငံးတာတွေဖြစ်နိုင်တယ်”ဟု ဗိုလ်မှူးကြီး ဆော်လမွန်က ပြောကြားကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

CNA တပ်မှ တရားဝင်သတင်းထုတ်ပြန်မှုကို စောင့်ဆိုင်းရန်နှင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ များ၏ တရားဝင် ပြောဆိုမှုများကိုစောင့်ပေးရန် ဗိုလ်မှူးကြီး ဆော်လမွန်က ပြောကြားခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း၌ ဟားခါးနှင့် ထန်တလန်ကြား၌တိုက်ပွဲဖြစ်ပွားခဲ့ရာ စ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် CNA ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦး(CNF)၏ တပ်ဖွဲ့ဖြစ်သည့် CNA အနေဖြင့် ချင်းပြည်နယ်အတွင်းနှင့် ဆက်စပ်ဒေသများ၌ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)နှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း