Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်အရှေ့ပိုင်း၌ စစ်ကောင်စီတပ်ကို နှစ်ကြိမ် တိုက်ခိုက်ရာ ငါးဦးသေဟုဆို

ခရီးသွားပြည်သူများအား အကြမ်းဖက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇရပ်ထဲပြန်ဝင်ချိန် အသင့်စောင့်ဆိုင်းနေသော ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရွှေဘိုနယ်အရှေ့ပိုင်း ကျောက်မြောင်းမြို့ ရတနာသိင်္ခတံတားထိပ်၌ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ (ပုံအဟောင်းဖြစ်ပါ သည်)
ရွှေဘိုနယ်အရှေ့ပိုင်း ကျောက်မြောင်းမြို့ ရတနာသိင်္ခတံတားထိပ်၌ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ (ပုံအဟောင်းဖြစ်ပါ သည်)

​စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်၏ ကင်းလှည့်စစ်ကြောင်းနှင့် စစ်ဆေးရေးအဖွဲ့ကို တိုက်ခိုက်ရာ ငါးဦးခန့်သေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်းက ရွှေဘိုမြို့နယ်အရှေ့ခြမ်း၊ ကျောက်မြောင်းမြို့နယ်ခွဲ မခေါက်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဟင်္သာကြီးကျေးရွာဘက်သို့ ထွက်လာခဲ့သည်။

အဆိုပါအဖွဲ့အား အဝေးထိန်းမိုင်းများဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အချိန်အနည်းငယ်အကြာတွင် ထိခိုက်ဒဏ်ရာရ သူများအား မခေါက်ရွာမှ ကားဖြင့်လာတင်သွားပြီး မိုင်းကွဲပြီးချိန် စစ်ကောင်စီတပ်များက လက်နက်ငယ် များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ညနေပိုင်းတွင်လည်း ရွှေဘို – ကျောက် မြောင်းလမ်းပိုင်း၌ ကျောက်မြောင်းမြို့ ခမရ (၁၂)မှ စစ်​ကောင်စီတပ်နှင့် ပျူများသည် ဆိုင်ကယ်(၈)စီး အင်အား(၁၆)ဦးဖြင့် ထွက်လာရာ ကျောက်ကျင်းရွာအနီးရှိ လမ်းဘေးဇရပ်ထဲသို့ ရောက်လာခဲ့သည်။

ခရီးသွားပြည်သူများအား အကြမ်းဖက် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇရပ်ထဲပြန်ဝင်ချိန် အသင့်စောင့်ဆိုင်းနေသော ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို နီးစပ်သူများထံမှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်နှင့်ပျူ သုံးဦး နေရတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိမှုလည်းများကြောင်း၊ ထိခိုက်သူများအားကျောက်မြောင်းဘက်သို့ ပြန်သယ်သွားခဲ့ပြီး ဆေးရုံပေါ်အရောက်တွင်လည်း စစ်ကောင်စီတပ် သားနှစ်ဦးသေဆုံးသည်ဟု သတင်းအတည်ပြုနိုင်ခဲ့ကြောင်း နတ်တောင်နဂါးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မနေ့က ကျောက်မြောင်းလမ်းပေါ်ဖြစ်တယ် ကြားတယ်။ ဒါနဲ့ တချို့ကုန်တင်ကားတွေတောင် အဲလမ်းကဖြတ်ရတာမို့ မသွားတော့ဘဲ နားလိုက်ရတယ်။”ဟု ရွှေဘိုဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများကို နတ်တောင်နဂါးတပ်ဖွဲ့နှင့်တပ်ခွဲ(၂) ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ရွှေဘိုမြို့နယ်အရှေ့ပိုင်း မခေါက်ကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများသည် အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook