Connect with us

Hi, what are you looking for?

သတင်း

ခိုးမှုနဲ့လွတ်လာတဲ့ပျုစောထီးခေါင်းဆောင်ကို ရပ်ကွက်အုပ်ကြီးနေရာ စစ်ကောင်စီခန့်

အခုလ အောက်တိုဘာလဆန်းပိုင်းကတင် ကားခိုးမှု နဲ့အဖမ်းခံရလိုက်ပေမယ့် ပြန်လွတ်လာပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတာလို့ သိရပါတယ်။

ခိုးမှုနဲ့လွတ်လာတဲ့ပျုစောထီးခေါင်းဆောင်ကို ရပ်ကွက်အုပ်ကြီးနေရာ စစ်ကောင်စီခန့်
ခိုးမှုနဲ့လွတ်လာတဲ့ပျုစောထီးခေါင်းဆောင်ကို ရပ်ကွက်အုပ်ကြီးနေရာ စစ်ကောင်စီခန့်

ခိုးမှုနဲ့ဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ပျုစောထီးအဖွဲ့ခေါင်းဆောင် ဆိုသူကို စစ်ကောင်စီဟာ မန္တလေး ၊ပြည်ကြီးတံခွန် မြို့နယ် ၊ကံကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ခန့် လိုက်တယ်လို့ ဒေသခံအချို့က ပြောပြပါတယ်။

အခုလ အောက်တိုဘာလဆန်းပိုင်းကတင် ကားခိုးမှု နဲ့အဖမ်းခံရလိုက်ပေမယ့် ပြန်လွတ်လာပြီး အုပ်ချုပ်ရေးမှူးဖြစ်လာတာလို့ သိရပါတယ်။

ဖမ်းခံရချိန်က စစ်ကောင်စီခန့် ယခင် အုပ်ချုပ်ရေးမှူးနဲ့အတူ ဖမ်းခံတာဖြစ်ပေမယ့် ဖိုးတုတ် ခေါ် တင်မျိုးဝင်း သာ ပြန်လွတ်လာကာ အုပ်ချုပ်ရေးမှူး လုပ်နေတာဒေသခံအချို့ကပြောပါတယ်။

ပျုစောထီး ဖိုးတုတ်အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် ရပ်ကွက်အတွင်း နေထိုင်သူတွေအနေနဲ့ အိမ်မှာနေထိုင်တဲ့ လူစာရင်း နဲ့ သန်းခေါင်စာရင်းတိုက်စစ်ဖို့အတွက် ရပ်ကွက်ရုံးကိုခေါ်ယူတာတွေ လုပ်လာတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတစ်ပုံမှာတော့ အုပ်ချုပ်ရေးမှူး ဖိုးတုတ်ဟာ ပစ္စတိုသေနတ်ကိုင်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။