Connect with us

Hi, what are you looking for?

သတင်း

ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော်ရဲ့ကျောင်းတိုက်ကို စစ်ကောင်စီတပ် စီးနင်း

ပြည်ကြီးတံခွန်သပိတ်အင်အားစု ဦးဆောင်ဆရာတော် နေထိုင်ရာ ကျောင်းတိုက်ကို စစ်ကောင်စီဟာ ယခင်ကလည်း နှစ်ကြိမ် တိုင်တိုင်လာရောက်ရှာဖွေခဲ့တာရှိပါတယ်။

ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော်ရဲ့ကျောင်းတိုက်ကို စစ်ကောင်စီတပ် စီးနင်း
ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော်ရဲ့ကျောင်းတိုက်ကို စစ်ကောင်စီတပ် စီးနင်း

မန္တလေးမြို့ ၊ပြည်ကြီးတံခွန် သပိတ်အင်အားစု ဦးဆောင်ဆရာတော် နေထိုင်တဲ့ ကျောင်းကို စစ်ကောင်စီတပ်ဟာ လက်နက်အပြည့်အစုံနဲ့ မနေ့ကညပိုင်း ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့သိရပါတယ်။

မနေ့က ညပိုင်း ၉ နာရီခွဲလောက်မှာ ၅၁ လမ်း ၊ ၁၂၉−၁၃၀ လမ်းကြား ပြည်ကြီးတံခွန် ဆရာတော် နေထိုင်ရာ စိတ္တသုခပတ္တမြားကျောင်းတိုက် ကိုအိမ်စီးကား ၈ စီးနဲ့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး စီးနင်းခဲ့တာလို့ပြည်ကြီးတံခွန်သပိတ်အင်အားစုထုတ်ပြန်ပါတယ်။

ဆရာတော်ကို မတွေ့တဲ့အခါ ကျောင်းတိုက်မှာရှိတဲ့ လူငယ် နှစ် ဦးကို ရိုက်နှက်ပြီး စစ်ကောင်စီတပ်သားတွေဟာ ကတ်ကြေးနဲ့ထိုးသွားလို့ တစ်ဦးဟာ ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။

ပြည်ကြီးတံခွန်သပိတ်အင်အားစု ဦးဆောင်ဆရာတော် နေထိုင်ရာ ကျောင်းတိုက်ကို စစ်ကောင်စီဟာ ယခင်ကလည်း နှစ်ကြိမ် တိုင်တိုင်လာရောက်ရှာဖွေခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။