Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ လှုပ်ရှားနေကြပြီး သတင်းကောင်းများလည်း ပြောခွင့်ရသည့်အချိန် ပြောပြမည်ဟု Justice Soldier -PDF က ပြောသည်။

တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ
တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ

အာရှလမ်းမပေါ်တွင် ယနေ့မနက်ပိုင်းကစ၍ တိုက်ပွဲဖြစ်ပွားနေသဖြင့် ကားအစီးရာနှင့်ချီပိတ်မိနေတယ်လို့ ခရီးသွားလာသူများ၏ ပြောဆိုချက်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပွားနေခြင်းဖြစ်သည်။

အောက်တိုဘာလ(၁၈)ရက် ညပိုင်းလောက်မှစပြီး အာရှလမ်းမအနီး တောနောရေတံခွန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုတိုက်ပွဲဟာ ယနေ့မနက်ပိုင်းတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံတွေကဆိုသည်။

တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ
တိုက်ပွဲဖြစ်နေ၍ အာရှလမ်းပေါ် ကားရာနှင့်ချီ ပိတ်မိနေ

လက်ရှိမှာ KNLA ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ပေါင်းစုများ လှုပ်ရှားနေကြပြီး သတင်းကောင်းများလည်း ပြောခွင့်ရသည့်အချိန် ပြောပြမည်ဟု Justice Soldier -PDF က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တပ်မဟာ(၆)နယ်မြေ ဒေါနအရှေ့ဘက်ခြမ်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားသည့် ရှေ့တန်းစစ်မျက်နှာတစ်ခုတွင် ကော်ဘရာစစ်သည်တွေ၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီဘက်မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦး သေဆုံးသွားခဲ့သည်ဟု ရှေ့တန်းစစ်မျက်နှာနှင့် နီးစပ်သူများဆီကနေ ကြားသိရသည်။

“ဗျူဟာမှူးအသားစိမ့်နေတာပဲအေ လွှတ်ကောင်း။ အကောင်ကြီးကြီး ထိသွားတော့ ဆက်တိုက်ထုတော့တာပဲ” ဟု ပူးပေါင်းတပ်ဖွဲ့ဝင်​တွေ့ သူတို့၏လူမှုကွန်ယက်တွင်ရေးသားထားသည်။

လက်ရှိမှာ ကော်ဘရာစစ်ကြောင်းလုံခြုံရေးတာဝန်ယူထားသည့် ဒေသတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေလျက်ရှိသည်ဟု ပူးပေါင်းတပ်ဖွဲ့များဆီကနေ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။