Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာပို့လာပို့သူအရပ်သား ၅ ဦးအပါအဝင် ၈ ဦးသေဆုံး

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာပို့လာပို့သူအရပ်သား ၅ ဦးအပါအဝင် ၈ ဦးသေဆုံး
အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာပို့လာပို့သူအရပ်သား ၅ ဦးအပါအဝင် ၈ ဦးသေဆုံး

ဒီနေ့မနက်ပိုင်း အင်းစိန်ထောင် ဝင်ပေါက်ဂိတ် မှာ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈ ဦးထိရှိလာပြီး အကျဉ်းဦးစီး ဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာ ပါဆယ်လာပို့သူ အမျိုးသမီး ၅ ဦးပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဟာ လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင်ဝင်ပေါက်နားမှာရှိတဲ့ ထောင်ဝင်စာပို့တဲ့ နေရာမှာဖြစ်ပွားခဲ့တာပါ။

လူမှုကွန်ရက်မှာတက်လာတဲ့ ဓာတ်ပုံတွေအရ ပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ ထောင်တွင်းကိုပေးပို့မယ့် စာ နဲ့ဆေးဝါး လက်ခံတဲ့နေရာဖြစ်တာကိုတွေ့ရပါတယ်။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပ မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့တာလို့ ထုတ်ပြန်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး သေဆုံးသလို ထောင်ဝင်စာ လာပို့တဲ့အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ကနဦးစုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook