Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် ထောင်တွင်းစစ်ကောင်စီတရားရုံး ရုံးချိန်းတွေရွှေ့ဆိုင်း

စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်တွေမှာသတင်းဖြန့်ထားချက်အရတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပမှာ ၂ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု
အင်းစိန်ထောင် ဗုံးပေါက်ကွဲမှု

ထိခိုက်ဒဏ်ရာရသူတွေထဲ ထောင်ဝင်စာ လာပို့သူ ပြည်သူအချို့ပါဝင်

ဒီနေ့မနက်ပိုင်း က အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် ဒီနေ့ စစ်ဆေးဖို့ရှိတဲ့ ထောင်တွင်းစစ်ကောင်စီ တရားရုံးချိန်းတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးထံကသိရပါတယ်။

ပေါက်ကွဲမှုဟာ ဒီနေ့မနက်ပိုင်း ၉ နာရီခွဲခန့်က ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာနား ဖြစ်ခဲ့တာပါ။

စစ်ကောင်စီ လော်ဘီလူမှုကွန်ရက်တွေမှာသတင်းဖြန့်ထားချက်အရတော့ ထောင်ဝင်စာပို့တဲ့အဆောက်အဦးထဲနဲ့ အဆောက်အဦးပြင်ပမှာ ၂ ကြိမ် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကော်စီလော်ဘီတယ်လီဂရမ်အချို့မှာ မျှဝေနေကြပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ထောင်ဝင်စာပါဆယ်သွားပို့သူလည်းပါဝင်တာကြားရတယ်လို့ ဒီနေ့မနက်ပိုင်းအင်းစိန်ထောင်တွင်း ရုံးချိန်းကိုသွားခဲ့တဲ့နိုင်ကျဉ်းမိသားစုဝင်တစ်ဦးကပြောပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး လက်ရှိအချိန်ထိ အင်းစိန်ထောင်တဝိုက်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးအပြည့်ချထားတယ်လို့လည်း အဲဒီနိုင်ကျဉ်းမိသားစုဝင်ဆီကသိရပါတယ်။

ဒီနေ့မနက်ပိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။