Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားမှု NUG ကန့်ကွက်

အဲဒီညီလာခံကို တက်ရောက်ဖို့စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ အောက်တိုဘာလ ၁၆ ရက်က မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားမှု NUG ကန့်ကွက်
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားမှု NUG ကန့်ကွက်

ကမ္ဘာ့ရွေးကောက်ပွဲများဆိုင်ရာအဖွဲ့အစည်း (AWEB) ရဲ့ အထွေထွေညီလာခံ တက်ရောက်ဖို့စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ဖိတ်ကြားမှုကို NUG အစိုးရက ကန့်ကွက်လိုက်ပါတယ်။

AWEB ရဲ့ညီလာခံကို အောက်တိုဘာလ ၁၉ ရက်ကစတင်ပြီး တောင်အာဖရိက နိုင်ငံ မှာကျင်းပနေတာပါ။

အဲဒီညီလာခံကို တက်ရောက်ဖို့စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ အောက်တိုဘာလ ၁၆ ရက်က မြန်မာနိုင်ငံကနေထွက်ခွာသွားပါတယ်။

ဒီလို အာဏာသိမ်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားချက်အပေါ် AWED ညီလာခံစတဲ့ ရက်မှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ AWED ထံစာရေးသားပေးပို့ပြီး ကန့်ကွက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစာထဲမှာ စစ်ကောင်စီဟာ လူထုရွေးကောက်တင်မြှောက်တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အရပ်သားအစိုးရ ကို ဖြုတ်ချအာဏာသိမ်းတာဖြစ်ကြောင်း ၊ ပြည်တွင်းမှာလည်းလူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့အဖွဲ့အစည်းဖြစ်ကြောင်းအသိပေးထားပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် AWED မှာပါဝင်ပတ်သက်နေမှုကို ထုတ်ပယ်ပေးဖို့ NUG အစိုးရက ဘက်ကတောင်းဆိုထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်