Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဟားခါးမှာကလေးငယ် ၂ဦးသေဆုံး

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အသက် ၆ နှစ်အရွယ် ဂျဲမ်းရှမ်းဇာအုပ်နဲ့အသက် ၇ နှစ်အရွယ် ဟင်နရီ ဘွေဇလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

Photo - The Chinland Post
Photo - The Chinland Post

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုံးရွာ ကို အောက်တိုဘာလ ၁၉ ရက်က စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် အသက် ၇ နှစ်ဝန်းကျင် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အသက် ၆ နှစ်အရွယ် ဂျဲမ်းရှမ်းဇာအုပ်နဲ့အသက် ၇ နှစ်အရွယ် ဟင်နရီ ဘွေဇလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ မူကြိုကျောင်းသူ ၁ ဦးလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတယ်။

ကလေးငယ် ၃ ဦး ထိခိုက်သေကြေမှုအတွက် ဒီနေ့အောက်တိုဘာလ ၂၁ ရက်မှာ CDF ဟားခါး တပ်ရင်း ၂ က ကျောဘုတ်စစ်ဆေးရေးစခန်းကိုသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦးထပ်မနည်းသေကြေခဲ့တယ်လို့ ဆဲန်ထန်းကောင်စီက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။