Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဟားခါးမှာကလေးငယ် ၂ဦးသေဆုံး

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အသက် ၆ နှစ်အရွယ် ဂျဲမ်းရှမ်းဇာအုပ်နဲ့အသက် ၇ နှစ်အရွယ် ဟင်နရီ ဘွေဇလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

Photo - The Chinland Post
Photo - The Chinland Post

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုံးရွာ ကို အောက်တိုဘာလ ၁၉ ရက်က စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် အသက် ၇ နှစ်ဝန်းကျင် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အသက် ၆ နှစ်အရွယ် ဂျဲမ်းရှမ်းဇာအုပ်နဲ့အသက် ၇ နှစ်အရွယ် ဟင်နရီ ဘွေဇလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ မူကြိုကျောင်းသူ ၁ ဦးလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါတယ်။

ကလေးငယ် ၃ ဦး ထိခိုက်သေကြေမှုအတွက် ဒီနေ့အောက်တိုဘာလ ၂၁ ရက်မှာ CDF ဟားခါး တပ်ရင်း ၂ က ကျောဘုတ်စစ်ဆေးရေးစခန်းကိုသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်က ၅ ဦးထပ်မနည်းသေကြေခဲ့တယ်လို့ ဆဲန်ထန်းကောင်စီက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။